မင်းကင်းမြို့နယ် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးရှေ့တန်းစခန်းနဲ့ ရဟတ်ယာဉ်ကွင်း ၂ ခု ဖျက်ဆီးနိုင်ခဲ့ကြောင်း မင်းကင်း PDF ထုတ်ပြန်

By MPM 23 ဧပြီ, 2023 👁

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် တောင်တွင်းဒေသ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးရွာတစ်ခုဖြစ်တဲ့ မအူကျေးရွာ ပျူရှေ့တန်းစစ်စခန်းကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး အရေးပေါ် ရဟတ်ယာဉ်ဆင်းကွင်း ၂ ခုကိုလည်း အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့ပြီလို့ ကလေးခရိုင်၊ အမှတ် ၁၁ တပ်ရင်း၊ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) က သတင်းထုတ်ပြန်ပါတယ်။

မအူရွာက စစ်ကောင်စီနဲ့ ပျူရှေ့တန်းစခန်းကို အခုလ ၁၀ ရက်က သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး အင်တာနက်အခက်အခဲနဲ့ လုံခြုံရေးအခြေအနေကြောင့် အခုမှ သတင်းထုတ်ပြန်နိုင်တာလို့ ဆိုပါတယ်။ စစ်ကောင်စီရှေ့တန်းစခန်း၊ ကတုတ်ကျင်း၊ ဘန်ကာတွေ ဖျက်စီးနိုင်ခဲ့ပုံနဲ့ ရဟတ်ယာဉ်ဆင်းကွင်း ၂ ကွင်း ဖျက်ဆီးနိုင်ခဲ့မှု မှတ်တမ်းတွေကို သတင်းထုတ်ပြန်ချက်နဲ့အတူ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာလည်း နယ်မြေစိုးမိုးမှုတွေ ဆက်တိုက်ဆောင်ရွက်နေပြီး အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့လည်း တိုက်ပွဲဖြစ်ပွားနိုင်တဲ့နေရာတွေကို သတိထားရှောင်ရှားကြဖို့နဲ့ သတိပေးထုတ်ပြန်ချက်တွေကို လိုက်နာပူးပေါင်းပေးကြဖို့လည်း မင်းကင်း PDF က မေတ္တာရပ်ခံထားပါတယ်။

ရှမ်းနီအသံမှ ပေးပို့သည်။