မကွေးတိုင်းတွင် စစ်ကောင်စီတပ်က စစ်မှုထမ်းရန် လူငယ်များနှင့်လမ်းသွားလမ်းလာများကို ဖမ်းဆီးမှုများရှိနေ

0
180
ပုံစာ - မကွေးတိုင်း၊ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် (၁/၂၀၂၄) သင်တန်းတက်ရောက်ခဲ့သူများ။(Photo – MOI)

မကွေးတိုင်း၊ မကွေးမြို့နယ်၊ နေပြည်တော် – ကံပြား လမ်းပေါ်ရှိ ဖိုးလေးလုံးရွာနှင့် လေးတိုင်စင်ရွာမှ လူငယ်များ၊ လမ်းသွားလမ်းလာများကို စစ်မှုထမ်းရန် စစ်ကောင်စီလက်အောက်ခံတပ်များက ဖမ်းဆီးခေါ်ဆောင်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “ဘယ်အဖွဲ့က ဆွဲတာလဲတော့ မသိရသေးဘူး။ ပြီးခဲ့တဲ့ ညောင်ပင်ရွာကိစ္စမှာတော့ ပျူခေါင်းဆောင်ကိုဝင်းမြိုင်နဲ့အဖွဲ့က ဆွဲတာ၊ အခုလည်း သူပဲထင်ပါတယ်” ဟု ပြောပါသည်။

အကြောင်းမဲ့ အဖမ်းခံခဲ့ရသည့် လူငယ်အရေအတွက်သည် ၁၀ ဦးထက်မကရှိနေပြီး မကွေး ၃၀၁ ခြေမြန်တပ်ရင်းဆီကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီ ဖမ်းဆီးခံထားရသူများထဲမှ ငွေကြေးတတ်နိုင်သူများကို အနည်းဆုံး ကျပ်သိန်း ၅၀ ပေးပြီး ပြန်လည်ထုတ်ယူနိုင်ခဲ့ကြောင်း ၎င်းတို့ပြောဆိုမှုအရ သိရသည်။

မကွေးတိုင်း စလင်းမြို့နယ်တွင်လည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားနေပြီး အနည်းဆုံး ကျပ်သိန်း ၆၀ ဖြင့် ပြန်လည်းရွေးထုတ်ရခြင်းမျိုးလည်းရှိနေသည်ဟု ဆိုသည်။

ထို့အပြင် မကွေးတိုင်းတွင် စစ်ကောင်စီတပ် ပေါ်တာဆွဲသည့်ရက်များအတွင်း ပျောက်ဆုံးသွားသည့် အသက် ၁၄ နှစ်မှ ၁၇ နှစ်အရွယ်ရှိ ကလေးငယ်များ ပိုများပြားလာကြောင်း ဒေသခံများက ပြောဆိုကြသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here