ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

By MPM 25 ဇွန်, 2026 👁

သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့် ရက်ပိုင်းအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်ကြောင်း ‌ရှေ့တန်း စနိုက်ဘာ ရဲဘော်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“တောင်စလုံး၊ မြောက်စလုံးနဲ့ ကျနော်တို့နဲ့ နီးနီးလေး။ ခုတော့ အထိုင်ချထားတာ။ ဘုန်းကြီးကျောင်းမှာ လှုပ်ရှားနေလည်း မြင်နေရတယ်။စစ်ရေးတင်းမာနေတော့ ဒီရက်ပိုင်းထဲ သူတို့ ထိုးစစ်ဆင်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်” ဟု ရှေ့တန်းရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များက စစ်အင်အားများ ထပ်မံဖြည့်တင်းထားသဖြင့် စစ်ရေးအရှိန် မြင့်တက်လာနိုင်ကြောင်း နှင့် ထိုးစစ်စတင်လျှင် တောင်စလုံးကျေးရွာဘက်မှ စတင်ဝင်ရောက်လာနိုင်သည်ဟုလည်း ၎င်းက သုံးသပ်ပြောဆိုသည်။

အလားတူ ဖယ်ခုံမြို့ အနောက်ခြမ်းရှိ ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် စစ်ရေးအခြေအနေကို စောင့်ကြည့်ကာ လုံခြုံရေးသတိဖြင့် နေထိုင်ကြရန် လိုအပ်ကြောင်းတန်း စနိုက်ဘာ ရဲဘော်တစ်ဦးသည်။

ထို့အပြင် ဖယ်ခုံမြို့နယ်တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လေကြောင်းအန္တရာယ် သတိပြုရန်နှင့် ကြိုတင်ကာကွယ်ရန် ဖယ်ခုံမြို့နယ် ပူးပေါင်းအုပ်ချုပ်ရေးကောင်းစီမှ တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဇွန်လ တတိယပတ်အတွင် စစ်တပ်မှ ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့ အနီးကို ၃ ကြိမ်ထပ်မနည်း လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

သျှမ်းသံတော်ဆင့်