24 ဧပြီ 2025 /

See today's Peace Related News

Homeသတင်းပူတာအို-ဆွမ်ပရာဘွမ်လမ်းပေါ် စစ်ကောင်စီတပ်နှင့် KIA တိုက်ပွဲဖြစ်

ပူတာအို-ဆွမ်ပရာဘွမ်လမ်းပေါ် စစ်ကောင်စီတပ်နှင့် KIA တိုက်ပွဲဖြစ်

မြစ်ကြီးနား – ဆွမ်ပရာဘွမ် – ပူတာအို သွားလမ်းပေါ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။

တိုက်ပွဲ ဖြစ်ပွားသည့်နေရာမှာ KIO ထိန်းချုပ်နယ်မြေ မိုင်ထောင်း (Mai Htawng) ကျေးရွာအောက်ရှိ လောင်ခန် (Lawng Hkang) တောင်နေရာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ မြေပြင်ရှိ KIA အရာရှိတစ်ဦးက “ဒရူခ (Daru Hka) အနီးမှာ KIA ဘက်ကနေ လမ်းသွားလမ်းလာသူတွေကို စစ်ဆေးနေတာတွေ လုပ်တာကို သူတို့မကြိုက်ဘူးထင်တယ်။ KIA ဘက်ကနေ အခုလိုလုပ်နေတာ ၃နှစ် ရှိပြီလေ။ အဲ့ဒါကို မကြိုက်လို့ ထင်တယ်” ဟု ပြောသည်။

စစ်ကောင်စီတပ် အင်အား ၈၀ ၀န်းကျင်ခန့် ရှိသော စစ်ကြောင်းနှင့် KIA တို့အကြား KIO ထိန်းချုပ်နယ်မြေ မိုင်ထောင်း (Mai Htawng) ကျေးရွာအောက်ရှိ လောင်ခန် (Lawng Hkang) တောင်နေရာတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

KIA တပ်မဟာ ၁၊ တပ်ရင်း အမှတ် ၁၀ နယ်မြေထဲ မတ်လ ၁၅ ရက်နေ့၊ နံနက် ၉ နာရီခွဲဝန်းကျင်အချိန်၌ ဆွမ်ပရာဘွမ်လမ်းဘက်မှ ဆင်းလာသော စစ်တပ်ကို KIA တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်သည်ဟု ဆိုသည်။

ကဝါးပန် (Kawa Pang) ကျေးရွာအနီးတွင်လည်း ထိုနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ် ဝန်းကျင်အချိန်၌ KIA အမှတ် ၂၂ တပ်ရင်းနယ်မြေ ဆွပ်ခါးဘက်က စစ်ကြောင်းထိုးဝင်လာသော စစ်ကောင်စီတပ်နှင့် KIA တို့အကြား တိုက်ပွဲ ဖြစ် ပွားကာ ညနေ ၂နာရီခွဲ ဝန်းကျင်၌လည်း ဒရူယန် (Daru Yang) ဘက်မှ တက်လာသော စစ်ကြောင်းနှင့် တစ်ဖန် ပြန်လည် တိုက်ပွဲဖြစ်ခဲ့သေးသည်။

KIA တပ်ဖွဲ့ဝင်များက ကဝါးပန် (Kawa Pang) ကျေးရွာအနီး နေရာယူနေစဉ် ဒေသခံပြည်သူများကို အကာ အကွယ် ယူပြီးတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို KIA တပ်ဖွဲ့ဝင်များက ပြည်သူများ ထိခိုက်မှုမရှိအောင် ကြား ဖြတ် တိုက်ခိုက်ခဲ့ရသေးသည်ဟု ရှေ့တန်းစစ်မြေပြင်ရောက် KIA အရာရှိတစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်က လက်ရှိတွင် ပူတာအို-ဆွမ်ပရာဘွမ် လမ်းကြောင်းတစ်လျှောက်တွင် စစ်အင်အား ၂၀၀ ကျော်ဝန်းကျင်ခန့်နှင့် စစ်ရေးလှုပ်ရှားနေကြပြီး၊ မတ်လ ၁၄ ရက်နေ့တွင်လည်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့သေး သည်ဟု KIA ဘက်က ပြောသည်။

အလားတူ မတ်လ ၁၁ ရက်နေ့ကလည်း KIA တပ်မဟာ ၁၊ အမှတ် ၁၀ တပ်ရင်း နယ်မြေထဲတွင်လည်း စစ်တပ်နှင့် KIA တို့အကြား အင်ဆွပ် (nsawp) ဆိုသည့် နေရာအနီး၌ တစ်ကြိမ်၊ မတ်လ ၁၂ ရက်နေ့က ဆွပ်ခါကျေးရွာအထက်၌ တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိလည်း နှစ်ဖက်ကြား စစ်ရေးတင်းမာနေဆဲဖြစ်သည်။

မတ်လဆန်းပိုင်းမှ စတင်ကာ မြစ်ကြီးနား – ဆွမ်ပရာဘွမ်၊ ပူတာအို – ဆွမ်ပရာဘွမ် လမ်းမပေါ်ရှိ ပြည်သူများကို စစ်ကောင်စီတပ်စစ်ကြောင်းက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် စစ်အင်အား တိုးချဲ့ လှုပ်ရှားနေ ခြင်းတို့ကြောင့် နှစ်ဖက်ကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ရှေ့တန်း စစ်မြေပြင်ကိုရောက်ရှိနေသည့် KIA အရာရှိက ပြောသည်။

NMG – ပေးပို့သည်။

နောင်ချို၊ အုမ္မတီးရွာကို စစ်ကောင်စီတပ် လေယာဉ်နှင့်ဗုံးကြဲ

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲက အုမ္မတီးကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နှင့်ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနေအိမ်များ ထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။ ဧပြီလ ၂၂ ရက်နေ့၊ နံနက် ၁၀ နာရီကျော်ချိန်တွင် အုမ္မတီးကျေးရွာထဲကို စစ်ကောင်စီလေကြောင်းကနေ ဗုံးနှစ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့သည်ဟု မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။ မြေပြင်သတင်းရင်းမြစ်တစ်ဦးက “ပျက်စီးဆုံးရှုံးမှုက အတိအကျတော့ မသိရသေးဘူး။...

ထားဝယ်တွင် စစ်ကောင်စီက ၄ ရက်ဆက်တိုက် လေကြောင်းနှင့်ဗုံးကြဲ၊ အရပ်သား ထိခိုက်သေဆုံးမှုများရှိ

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ၄ ရက်ဆက်တိုက် လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။ သရက်ချောင်းမြို့နယ် အောက်ဘက်အခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်ကနေ လေယာဥ်ဖြင့် ၄ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများရှိနေကြောင်း KNLA တပ်ရင်း ၁၂...

စစ်ကောင်စီ၏ ယာယီအပစ်ရပ်သက်တမ်းတိုးမှု ယုံကြည်စရာမရှိဟု မွန်၊ ကရင် တိုင်းရင်းသားအင်အားစုက တုံ့ပြန်

စစ်ကောင်စီ၏ ယာယီအပစ်အခတ်ရပ်စဲရေးကာလ ထပ်မံတိုးမြှင့်လိုက်သည့် ထုတ်ပြန်ကြေညာချက်အပေါ် ယုံကြည်စရာမရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး - KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - KNDO နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့က တုံ့ပြန်ပြောဆိုသည်။ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ဘေးဒဏ်ကနေ ပြန်လည်ထူထောင်ရေးအတွက်ဆိုကာ ယာယီအပစ်ခတ်ရပ်စဲရေးပြုလုပ်ရန် ကြေညာထားသည့်...