ပုလောမြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို ဒေသခံ PDF ဝင်တိုက်

0
384

စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာမှာ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း ၁ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါသည်။

ဧပြီ ၁၄ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ တပ်အင်အား ၃၀ လောက်နှင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းနေရာကို ဒေသကာကွယ်ရေးပူးပေါင်းတပ်များက လက်နက်ကြီး၊ လက်နက်ငယ်တွေနှင့် သွားရောက်တိုက် ခိုက်ခဲ့တာဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်နီးပါးကြာ ဖြစ်ပွားခဲ့သော်လည်း စစ်ကောင် စီတပ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိပါဘူး။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦးထက်မနည်း ထိခိုက်သူရှိခဲ့ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဘက်က ထိခိုက်သူမရှိကြောင်း သိရပါသည်။

ပုလောကုန်းကျေးရွာမှာ မကြာခဏ တိုက်ပွဲတွေဖြစ်နေခြင်းကြောင့် ဒေသခံတွေ ထွက်ပြေးနေရသည်မှာ တစ်လနီးပါးရှိနေပြီဖြစ်ပြီး နေရပ်ပြန်မလာနိုင်ကြသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့ ဝက်တိုးကျေးရွာနားတွင် တိုက်ပွဲဖြစ်နေချိန် စစ်ကောင်စီ ပုလောကုန်းစခန်းမှ လက်နက်ကြီးပစ်ခတ်ခဲ့ရာ ကျေးရွာထဲကျရောက်ပြီး ကလေးငယ် ၃ ဦးအပါအဝင် ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့မှု ဖြစ်ပွားခဲ့ဖူးပါသည်။

ပုလောမြို့နယ်ကို စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း တိုက်ပွဲတွေဖြစ်နေခြင်းကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၂၅၀၀၀ အထိ ရှိလာတာလည်း ဖြစ်ပါသည်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here