23 ဧပြီ 2025 /

See today's Peace Related News

“ဒီဒေသကမြို့နယ်တွေထဲမှာ ကျနော်တို့လူထုကို ပြန်နေဖို့ စားဝတ်နေရေးအတွက်နေပြီး လုပ်စားရဖို့အတွက်၊ ကြိုးစားပြီးတော့ ပြန်လည်နေရာချထားရေးအတွက် ကျနော်တို့လုပ်နေပါတယ်။ ဒါပေမဲ့ လုံခြုံမှုဆိုတာကတော့ အာမမခံနိုင်ဘူး။ မြေပေါ်မှာတော့ လုံခြုံမှုအာမခံနိုင်တယ်လေ။ ဒါပေမဲ့ လေယာဥ်နဲ့လာကြဲတာတော့ ဘယ်တတ် နိုင်မလဲ။ အဲ့ဒါတခုတော့ ကျနော်တို့အတွက် အခက်အခဲဖြစ်တာပေါ့” KA စစ်ရေးချုပ်ဗိုလ်မှူးကြီးဘုန်းနိုင်

ထိုင်း – ကရင်နီ နယ်စပ်၏ လက်ရှိစစ်ရေးအခြေအနေ၊ တပ်စခန်းသိမ်းပိုက်မှုနှင့် လုံခြုံရေးအခြေအနေများအပေါ် ကရင်နီပြည်တပ်မတော် KA စစ်ရေးချုပ်ဗိုလ်မှူးကြီးဘုန်းနိုင်နှင့် တွေ့ဆုံမေးမြန်းချက်။

ထိုင်း – ကရင်နီ (ကယား) နယ်စပ်က နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီ၏တောင်ကတုံးစခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကရင်နီပြည်တပ်မတော် KA က သိမ်းပိုက်လိုက်နိုင်ခဲ့ပြီးနောက် နယ်စပ်တကြောတွင် စစ်ကောင်စီတပ်စခန်းများအားလုံး ကင်းစင်သွားပြီဟု ဆိုရမည်ဖြစ်သည်။

ထိုင်း – ကရင်နီနယ်စပ်၌ စစ်ကောင်စီတပ်စခန်း ကင်းစင်သွားတာကြောင့် ဒေသခံလူထုနှင့် စစ်ဘေးရှောင်တို့၏ နေထိုင်သွားလာရေးအပါအဝင်၊ အဆိုပါနယ်စပ်ဒေသ၏ လက်ရှိစစ်ရေးအခြေအနေ၊ တပ်စခန်းသိမ်းပိုက်မှုနှင့် လုံခြုံရေး အခြေအနေများကို ကရင်နီပြည်တပ်မတော် KA ၏ စစ်ရေးချုပ်ဗိုလ်မှုးကြီးဘုန်းနိုင်အား တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ KA အနေနဲ့ နယ်စပ်မှာရှိတဲ့ နောက်ဆုံးကျန်တဲ့ စစ်ကောင်စီရဲ့တောင်ကတုံးစခန်းကို သိမ်းပိုက်လိုက်နိုင်ပြီဆိုတော့ လက်ရှိနယ်စပ်တကြောက စစ်ကောင်စီတပ်စခန်းတွေအားလုံး ကင်းစင်သွားပြီလို့ ပြောလို့ရပါပြီလား။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ နယ်စပ်တကြောလုံးကင်းစင်သွားပြီလို့ ပြောလို့ရပါတယ်။ အတည်ပြုလို့ ရတယ်လေ။ ဒါပေမဲ့ လေယာဉ်ကိစ္စကတော့ လုံခြုံရေးအတွက်ကတော့ နည်းနည်းအခက်အခဲရှိတယ်ပေါ့နော်။ ဟုတ်ကဲ့ပါ။

မေး။ ။ အဲ့ဒီတောင်ကတုံးက အရင်တုန်းက KA အထိုင်ချခဲ့တဲ့နေရာလို့ သိရတာပေါ့နော်။ အဲ့ဒီအကြောင်းလေး နည်းနည်းရှင်းပြပေးပါဦး။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ ဒီတောင်ကတုံးကြတော့ ကျနော်တို့ ၁၉၉၃ ခုနှစ်မှာ ကျနော်တို့ပန်ယွန်းမှာ စခန်းချခဲ့တယ်။ အဲ့ဒီမှာ ပထမက ကျနော်တို့ဘယ်လိုပြောရမလဲ၊ ဒီတောင်ကတုံးမှာပေါ့နော် အထိုင်စက်ပေါ့နော်။ တောင်ကတုံး မှာက အထိုင်စက်ပေါ့နော် ဟိုဘက်မှာ ဒီစီကုန်းရှိသေးတယ်။ သစ်တောထဲမှာ ကျနော်တို့ ၁၉၉၃ ခုနှစ်ကတည်းက လာပြီးတော့ တည်ခဲ့တဲ့စခန်းဖြစ်တယ်။

မေး။ ။ စစ်ကောင်စီက အဲ့ဒီစခန်းကို ဘယ်တုန်းကရသွားတာပါလဲ။

ဖြေ။ ။ ကျနော်တို့က ဒီစခန်းက ၁၉၉၆ ခုနှစ်မှာ ခြောက်နှစ်ပဲကျနော်တို့နေပြီးတော့ ၁၉၉၆ ခုနှစ်မှာ စကခ (၇) က စခန်းလာသိမ်းသွားတယ်ပေါ့နော်။ ကျနော်တို့က လက်လွတ်ဆုံးရှုံးခဲ့ရတယ်ပေါ့နော်။ အဲ့စခန်းက ကျနော်တို့ ၆ နှစ်ပဲ နေလာခဲ့တယ်ပေါ့နော်။ ဟုတ်ကဲ့။

မေး။ ။ နယ်စပ်မှာက စစ်ကောင်စီတပ်စခန်းကင်းစင်သွားပြီလို့ ပြောလို့ရတယ်ဆိုတော့ လူထုတွေရဲ့ သွားလာလှုပ်ရှားမှုအခြေအနေ၊ ပြီးတော့ နယ်စပ်မှာရှိနေကြတဲ့ စစ်ရှောင်တွေရဲ့အခြေအနေက လုံခြုံရေးအရ ဘယ်လောက်ထိ အဆင်ပြေပြီလို့ ပြောလို့ရပါလဲ။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ ဒီစစ်ကောင်စီရဲ့ ကင်းစင်မှု၊ စစ်တပ်တွေ မရှိတော့တာဟုတ်တယ်။ မှန်ပါတယ်။ ဒါပေမဲ့ လူထုအတွက် လုံခြုံရေးကတော့ ကျနော်တို့ကြိုးစားပြီးတော့ ပြန်လည်နေရာချထားဖို့ ရှိတယ်လေ။ ဒါပေမဲ့ ကျနော်တို့ရန်က လေယာဉ်ကြောင့်ပေါ့။ ဗုံးကြဲတဲ့ကိစ္စကတော့ အာမမခံနိုင်ဘူးပေါ့နော်။ ရန်သူကတော့ မရှိတော့ဘူးလို့ ပြောလို့ရပါတယ်။ ထောက်ခံချက်ကတော့ အာမခံလို့ရပါတယ် အတည်ပြုလို့ရပါတယ်။

မေး။ ။ ဒီနယ်စပ်မှာ ပြောရမယ်ဆိုရင် ကရင်နီအတွက် ဒီလိုမျိုးနယ်စပ်တကြော စစ်ကောင်စီတပ်စခန်း ကင်းစင်သွားခြင်းအားဖြင့် စစ်ကောင်စီရန်ကနေ ဘယ်လောက်ထိလျော့သွားပြီလို့ သုံးသပ်လို့ရပါလဲ။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ စစ်ကောင်စီရန်က ဘယ်လောက်လျော့သွားပြီလဲဆိုတာက အားလုံးကတော့ ခုနက ပြောပြီးပြီလေ။ ကျနော်တို့လူထုတွေ နေရာပြန်ချထားနိုင်ဖို့ ကျေးရွာပြန်နိုင်ဖို့တော့ ကျနော်တို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ အပေါ် (လေယာဉ်) က တခုတော့ စိုးရိမ်စရာရှိတယ်ပေါ့နော်။ အဲ့တာ တခုပဲ။ ရန်ကတော့ မရှိတော့ ဘူးပေါ့။ မိုင်းလည်း အဲ့လောက်မရှိတော့ပါဘူး။ ဘယ်လိုပြောရမလဲ တာဝန်ခံမရှိဘူးပေါ့နော်။ လေယာဉ်ဗုံးကြဲတဲ့ ကိစ္စကတော့ စိုးရိမ်စရာရှိတယ်ပေါ့နော်။

မေး။ ။ နယ်စပ်တကြောသွားလာနေတဲ့ လူထုတွေကိုရော ဗိုလ်မှူးအနေနဲ့ ဘယ်လိုမျိုး သတိပေးစကား ပြောချင်ပါသေးလဲ။

ဖြေ။ ။ နယ်စပ်တကြော သွားလာနေသူတွေက လူထုအတွက်၊ ကိုယ့်ရပ်ရွာအတွက်၊ စားဝတ်နေရေးအတွက် သွားလာဖို့တော့ လိုနေတာပေါ့။ ဒါပေမဲ့ သွားလာတဲ့ကိစ္စဝိစ္စက မူးယစ်ဆေးနဲ့ ကင်းစင်လား၊ မကင်းစင်လားဆိုတာ ကျနော်တို့ စစ်ဆေးချက်တော့ ရှိတယ်ပေါ့လေ။ ကျနော်တို့အပေါ်မှာ တော်လှန်ရေးအပေါ်မှာ နားလည်ပေးဖို့တော့ လိုတာပေါ့။

မေး။ ။ ဒီတော်လှန်ရေးပေါ့နော်။ နွေဦးတော်လှန်ရေးလို့လူထုတွေ ခေါ်ဝေါ်သမုတ်ကြတဲ့ ဒီတော်လှန်ရေးက ၄ နှစ် ကျော်ထိ ရှိလာပြီပေါ့နော်၊ နေရပ်ကိုပြန်ချင်ကြတဲ့ လူထုတွေလည်းရှိတယ်ဆိုတော့ ဒီအပေါ်မှာ စစ်ရေးဘက်က ပုဂ္ဂိုလ်အနေနဲ့ လူထုကို ဘယ်လိုအားပေးစကားဖြစ်ဖြစ်ပေါ့ ပြောချင်ပါလဲ။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ ကျနော်တို့တော်လှန်ရေးလုပ်တာ လူသတ်သမားလုပ်နေတာမဟုတ်ဘူးလေ။ ဒါပေမဲ့ ဒီပြည်နယ်က ကိုယ့်ဖာသာကို သီးခြားနေတဲ့ပြည်နယ်တခုပါ။ စစ်ကောင်စီက ငါတို့ပြည်နယ်ကို ကျူးကျော်ပြီး တော့မှ လူတွေကိုသတ်ဖြတ်နေတယ်။ တိုင်းပြည်ကို ပျက်အောင်လုပ်တယ်။ ဗုံးကြဲတယ်ဆိုတော့ အဲ့ဒါက တရားမဝင်ဘူးပေါ့လေ။

အတတ်နိုင်ဆုံးတော့ ကျနော်တို့က လူထုတွေပြန်လည်နေရဖို့အတွက် ကြိုးစားပြီးတော့မှ နေရာဒေသ နည်းနည်းလုံခြုံတဲ့ ဒီဒေသကမြို့နယ်တွေထဲမှာ ကျနော်တို့လူထုကို ပြန်နေဖို့ စားဝတ်နေရေးအတွက်နေပြီး လုပ်စားရဖို့အတွက်၊ ကြိုးစားပြီးတော့ ပြန်လည်နေရာချထားရေးအတွက် ကျနော်တို့လုပ်နေပါတယ်။ ဒါပေမဲ့ လုံခြုံမှုဆိုတာကတော့ အာမမခံနိုင်ဘူး။ မြေပေါ်မှာတော့ လုံခြုံမှုအာမခံနိုင်တယ်လေ။ ဒါပေမဲ့ လေယာဥ်နဲ့ လာကြဲတာတော့ ဘယ်တတ်နိုင်မလဲ။ အဲ့ဒါတခုတော့ ကျနော်တို့အတွက် အခက်အခဲဖြစ်တာပေါ့။ ဟုတ်ကဲ့ပါ။

မေး။ ။ အခုဆိုလို့ရှိရင်လည်း တိုက်ပွဲမဖြစ်တဲ့နေရာ စစ်ရှောင်စခန်းတွေ စစ်ရှောင်တွေ လူထုတွေနေတဲ့ နေရာကို အချိန်နဲ့အမျှ လေယာဉ်ဗုံးကြဲနေတာ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ စစ်ကောင်စီက လုပ်နေဆဲပဲ ဆိုတော့ သူတို့ ဘာကြောင့်ဒီလိုလုပ်တာပါလဲ။ အဲ့ဒီရန်တွေကနေ ကာကွယ်နိုင်ဖို့ ဘာတွေလုပ်ဖို့လိုအပ်မလဲ။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ ကျနော်တို့က လူထုတွေဆိုတော့ ဘာမှကာကွယ်နိုင်ဖို့တော့မရှိဘူး။ ဗုံးခိုကျင်းလုပ်တာ လည်း အစဉ်အလာမဟုတ်ဘူးလေ။ အခုခေတ်မှ ပုန်းခိုကျင်းလုပ်တယ်၊ လေယာဉ်ပုန်းခိုကျင်း လုပ်ခိုင်းတယ် ဆိုတော့ လူထုအတွက်လည်း အခက်အခဲဖြစ်တယ်ပေါ့နော်။ ဒီရန်ကာကွယ်ဖို့ကတော့ ကျနော်တို့က ကံတရားပဲ ပြောရမှာပေါ့နော်။ အဲ့ဒါတွေကပဲ ကျနော်တို့ အဓိကထားပြီး ဘယ်လိုပြောရမလဲသတိထားပြီး နေတဲ့နေရာမှာက လုံခြုံနိုင်အောင် ကြိုးစားပြီးနေဖို့ လူထုကိုကျနော်ပြောချင်တယ်။ ဟုတ်ကဲ့ပါ။

မေး။ ။ ဆိုတော့ စစ်ရေးအနေနဲ့ပေါ့နော်၊ စစ်ကောင်စီက ဒီလိုမျိုးအရပ်သားတွေကိုပဲ ပစ်မှတ်ထားနေတာကို ဗိုလ်မှူးတို့ စစ်ရေးအနေနဲ့ ဘယ်လိုပြောချင်ပါလဲ။

ဖြေ။ ။ ကျနော်တို့က အရပ်သားကိုပစ်မှတ်မထားဘူး။ ရန်သူက စစ်ကောင်စီဘက်ကနေပြီးတော့ အရပ်သား တွေကို ပစ်မှတ်ထားပြီး လုပ်တဲ့ကိစ္စက ဒါကတော့မတရားဘူးလေ။ ဒါပေမဲ့ ဘာတတ်နိုင်မလဲ။ ကျနော်တို့ ကလည်း ဒီပြည်နယ်ကလေး တော်လှန်ရေးဆိုတာကလည်း လူသတ်သမားမဟုတ်ဘူးလေ။ ငါတို့လွတ်လပ်ရေး အတွက် ပြည်သူအတွက်အေးဆေးနေဖို့ ကျနော်တို့တော်လှန်ရေး လုပ်နေတဲ့ကိစ္စပါဘဲ။ အဲ့တော့ ဗုံးကြဲတဲ့ကိစ္စဝိစ္စ လည်း ဒါကမကောင်းဘူးပေါ့။ ကမ္ဘာကလည်း သိတာပဲ။ ဒါမဲ့ဘာမှမပြောချင်လို့ ကျနော်တို့လည်း ဘယ်တတ်နိုင် မလဲ။ ဒါပေမဲ့ ဒီကိစ္စဝိစ္စကိုတော့ ကမ္ဘာကသိအောင် ကျနော်တို့ဆက်ပြီးတော့မှ ကြိုးစားပြီးတော့၊ ဖော်ထုတ်ပြီး တော့ မလုပ်နိုင်အောင် မကြဲနိုင်အောင် ကျနော်တို့မှာလိုလားတာပေါ့။

ဒါပေမဲ့ လူတွေက လောကမှာက အာဏာရှင်ပဲရော၊ အာဏာရှိရင် တိုင်းပြည်က သူ့ဟာသူ လုပ်ချင်သလို လုပ်တာပဲလေ မကြိုက်ဘူးပေါ့နော်။ ဗုံးကြဲတဲ့ကိစ္စဝိစ္စနဲ့ ပတ်သတ်ပြီးကတော့ ကျနော့်အနေနဲ့ ကျနော်လုံးဝ မကြိုက်ဘူး မလိုချင်ဘူးပေါ့။ အဲ့ဒါနဲ့ပတ်သတ်ပြီးတော့ ပြောရမယ်ဆိုတော့ လူထုထိခိုက်တယ်လေ။ တော်လှန်ရေး လုပ်တဲ့လူက တော်လှန်ရေးလုပ်တာ အရူးထလုပ်တာမဟုတ်ဘူး။ ကိုယ့်အမျိုးသားအတွက် ကိုယ့်နယ်မြေအတွက် လုံခြုံရေးလိုလို့ပဲ။ မပြည့်ဝလို့ပဲ။ ကျနော်တို့ လုံခြုံရေးလိုချင်လို့ လွတ်လွတ်လပ်လပ်နေချင်လို့ပဲ၊ တော်လှန်ရေး လုပ်တယ်ဆိုတာက အာဏာရှင်ကိစ္စ လက်ဝါးကြီးအုပ်တဲ့ လူမျိုးတစုကိုပြုတ်အောင် ကျနော်တို့တိုက်ဖို့လိုတယ်။ အဲ့ဒါပဲ ကျနော်ပြောချင်တယ်။

မေး။ ။ စစ်ကောင်စီကနေ အရပ်သားတွေကိုပစ်မှတ်ထားလာတဲ့ ဒီလေးနှစ်တာကာလအတွင်းမှာက ကရင်နီတွေအတွက်က ဘယ်လောက်ထိ ဆိုးရွားနေတယ်လို့ ပြောလို့ရပါလဲ။

ဖြေ။ ။ ဘယ်လောက်ထိဆိုးဝါးလဲဆိုတာက ဟို ဘယ်လိုပြောရမလဲပေါ့။ ဒီဗုံးကြဲတဲ့ကိစ္စက လူထုအတွက်လည်း ကယောင်ခြောက်ခြား ဖြစ်တယ်။ ကလေးငယ်တွက်လည်း စိတ်ထိခိုက်တာပေါ့။ အဲ့တော့ လေးနှစ်အတွင်းမှာက ကျနော်တို့ကယားပြည်နယ်မှာ ဗုံးကြဲတာက အကြိမ်ပေါင်း ကိုးရာ၊ တထောင်ကြိမ်လောက်ရှိပြီ။ ကျနော်တို့ ပြည်နယ်မှာ ကျဉ်းကျဉ်းလေးပဲ။ တခြားပြည်နယ်မှာက ငါတို့ကယားပြည်လောက် မကြဲဘူး။ ဆိုတော့ ထိခိုက်တဲ့ ကိစ္စဝိစ္စက ပြောစရာတွေတော့ အများကြီးရှိတယ်ပေါ့လေ။ ဘယ်လိုပြောရမလဲ အကုန်လုံး ပျက်စီးကုန်ပြီပေါ့လေ။ ရွာတွေ၊ လူထုတွေ အခုထိပဲ ဒီနေ့အထိပဲ။

မေး။ ။ ဗိုလ်မှူးရဲ့ တော်လှန်ရေးလုပ်လာတဲ့ကာလတလျှောက်လုံး နွေဦးတော်လှန်ရေးမှာ အရပ်သားအပေါ် ပစ်မှတ်ထားတာက အဆိုးရွားဆုံးလို့ပြောလို့ရပါလား။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ အဆိုးရွားဆုံးပါ။ ကျနော်တော်လှန်ရေးလုပ်တာ သက်တမ်း (၅၄) နှစ် ရှိပြီ။ ကိုယ်စတင်ခဲ့တဲ့ လမ်းက ခုထိ (၅၄) နှစ် ရှိပြီဆိုတော့ ဒီနေ့ဒီအချိန်မှာက ကျနော်တို့လူထုတော်လှန်ရေး နွေဦးတော်လှန်ရေးက ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ တော်တော်အဆိုးရွားဆုံး အခြေအနေလို့ ပြောလို့ရတယ်။ ဒီကိစ္စဝိစ္စကတော့ မကောင်းဘူးပေါ့။ အဲ့ဒါ မှတ်တမ်းတင်ရမယ်။

မေး။ ။ စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ်ပစ်မှတ်ထားတဲ့ ကျူးလွန်မှုတွေကို ဗိုလ်မှူးတို့အနေနဲ့ နိုင်ငံတကာကိုရော တင်ပြတာမျိုးတွေရှိပါလား။

ဖြေ။ ၊ ကျနော်တို့ကတော့ နိုင်ငံတကာတွေ စစ်ကောင်စီတွေကျူးလွန်တဲ့ ပြစ်မှုတွေတော့ အများကြီးရှိတာပေါ့။ နိုင်ငံတကာကလည်း သူတို့ကိုထောက်ခံသလိုပဲ။ ရွှေရှိမှ၊ အာဏာရှိမှ ဖြစ်တဲ့ကိစ္စက လူထုကိစ္စနဲ့ ပတ်သက်ပြီး တော့မှ ငါတို့ကပြောချင်တယ်လေ။ ဒါပေမဲ့ လူတွေက ပိုက်ဆံရှိရင် အာဏာရှိရင်တော့ ဒီလိုပဲ လုပ်သွားကြတယ် ဆိုတော့ ဘယ်လိုပြောရမလဲ။ အဲ့ဒါ တော်တော်အခက်အခဲဖြစ်တယ်။ အဲ့ဒါ ကမ္ဘာကိုပြောရင်လည်း ကမ္ဘာကလည်း သိချင်မှသိမယ်။ မသိရင်လည်း မသိဘူးပေါ့။ ဒီတိုင်းပြည်က တော်တော်ပျက်စီးနေပြီ။

၁၉၄၈ ခုနှစ်ကနေ အခုထိ တိုက်ပွဲဖြစ်လာတဲ့လူတွေဆိုတော့ ဘယ်လိုပြောရမလဲ ကမ္ဘာ့နိုင်ငံကလည်း သိချင်တဲ့လူ လည်းရှိမယ်၊ မသိတဲ့လူလည်း ရှိမှာပေါ့။ ဘယ်လိုပြောရမလဲ တော်တော်အခက်အခဲဖြစ်တယ်။ ကျနော်တို့ကတော့ အမျိုးသားရေးအတွက် တိုင်းရင်းသားတခုတည်း မဟုတ်ဘူး။ ဗမာအမျိုးသားအပါအဝင် လွတ်လပ်ဖို့ ကျနော်တို့ ကြိုးစားနေတာပဲလေ။ ဘယ်လိုပြောရမလဲ အဲ့ဒါက အာဏာရှင်ကလည်း မပြုတ်မချင်းတော့ ရှုပ်ဦးမှာပဲလေ။ ဆိုးဝါးဦးမယ်။ အဲ့ဒီစစ်ကောင်စီကို မင်းအောင်လှိုင်ကို အပြုတ်ချမှပဲ ဗမာပြည်အပါအဝင် ကျနော်တို့တိုင်းရင်းသား အားလုံး ငြိမ်းချမ်းရေးရမလား ရှိသေးတယ်လေ။

မေး။ ။ နောက်ဆုံးမေးခွန်းအနေနဲ့ပေါ့နော် ဒီနွေဦးတော်လှန်ရေးမှာပါဝင်လာတဲ့ တပ်သားတွေ ရဲဘော်တွေ ဖြစ်စေ၊ အရင့် အရင်ကတည်းက ဒီတော်လှန်ရေးကို ခြေလှမ်းလှမ်းနေတဲ့ ရဲဘော်တွေဖြစ်စေကိုပေါ့။ ဗိုလ်မှူးအနေနဲ့ အားပေးစကားဘာပြောချင်ပါလဲပေါ့။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ ဒီနွေဦးတော်လှန်ရေးဆိုတာက ပေါက်စကလေးပေါ့။ အထင်မသေးပါဘူး။ ကျနော်တို့က တော်လှန်ရေးလုပ်တာက ဟိုး….၄၈ ကတည်းက တော်လှန်ရေးလုပ်နေတဲ့ လူတွေလည်းပါတယ်ပေါ့နော်။ ကျနော်လည်း အပါအဝင်ပေါ့။ အသက်လည်းကြီးပြီလေ ၇၀ ကျော်ပြီလေ။ အဲ့တော့ နွေဦးတော်လှန်ရေး လာလုပ်တဲ့ ကလေးတွေကတော့ ကျေးဇူးတင်တယ်။ အများကြီး ဂုဏ်ပြုတယ်။ အသိအမှတ်ပြုတယ်ပေါ့။ အဲ့တော့ ကျနော်တို့ပြည်နယ်အတွက် လူထုအတွက်အလုပ်လုပ်တယ်။ အဲ့လိုပဲ ကျနော်အသိအမှတ်ပြုတယ်။ အလေးပြု တယ်။ ဘယ်လိုပြောရမလဲ တာဝန်ယူဆောင်တယ်ပေါ့။ ကိုယ့်အမျိုးသားရေးအတွက် ပြည်နယ်အတွက် လုံခြုံရေး တွေက လုပ်တာက အများကြီးတော့ ကျနော့်အနေနဲ့ အသိအမှတ်ပြုတယ်၊ လေးလည်းလေးစားတယ်။ ဂုဏ်လည်း ပြုပါတယ်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

“ ဝန်ကြီးချုပ်ကြီးနဲ့ မလေးရှားဝန်ကြီးချုပ်တို့ တွေ့တဲ့အချိန်တုန်းကလည်း လူချင်းတွေ့ဆုံမှုဆိုတဲ့ကိစ္စတွေလည်း ပြောခဲ့တာရှိတယ်။ အွန်လိုင်းကနေ တွေ့ဆုံတာကလည်းကောင်းသလို ဒါပေမယ့် တကယ်တမ်း မြေပြင်မှာ လူချင်းတွေ့ဆုံနိုင်ဖို့ အခြေအနေမျိုးဆို ပိုပြီးရင်းနှီးကျွမ်းဝင်မှုပိုရှိတယ်။ ဒါကြောင့်မို့ ဒါတွေကလည်းဖြစ်လာဖို့ ရှိပါတယ်” – ဦးနေဘုန်းလတ်/ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ

NUG နှင့် အာဆီယံဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်ပြီး NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်အား ဆက်သွယ်မေးမြန်းချက်။ မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် လူသားချင်းစာနာမှု အကူအညီပေးရန်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် စစ်ကောင်စီကို ပြီးခဲ့သည်ရက်ပိုင်းအတွင်း သီးခြားစီ...

“တံတားဦးမှာ တအိမ်ဝင်တအိမ်ထွက်သွားလှူတော့ အမေကြီးတွေဦးလေးကြီးတွေက ပြောကြတယ်။ သျှမ်းပြည်မှာ ဒီလောက်စစ်ဖြစ်နေတာ ငါတို့တောင်တခါမှမရောက်ခဲ့ဖူးဘူး၊ ဘယ်သူမှလည်း တကူးတက သွားမကူကြဘူးတဲ့။ ကိုယ့်အလှည့်ဖြစ်တော့ ခဲရာခဲဆစ်အခြေအနေ လုံးဝမဟန်တဲ့နယ်မြေကနေ ဒီအထိ တကူးတက လာကူပေးကြတယ်ဆိုပြီး တချို့အိမ်တွေဆို ဝမ်းသာလွန်းလို့ငိုကြတယ်” သျှမ်းလူငယ်တစ်ဦး

ငလျင်ဒဏ်ဆိုးရွားစွာခံစားခဲ့ရသည့် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့သို့ ကူညီကယ်ဆယ်ရေးနှင့်ထောက်ပံရေးတွင် ပါဝင်ကူညီလုပ်ဆောင်နေသည့် အခြေအနေများနှင့်ပတ်သက်ပြီး လူမှုကူညီရေးအသင်းဝင် သျှမ်းလူငယ်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်သွားခဲ့သည့် ၇ ဒဿမ ၇ ရစ်ချ်တာစကေး အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် မန္တလေး၊ တံတားဦးနှင့် စစ်ကိုင်းမြို့တို့တွင် အိုးအိမ်တိုက်တာများ...

“ကျနော်တို့ကူညီချင်ပေမဲ့ လာရောက်လှူဒန်းတဲ့ ငွေကြေးကများမလာတဲ့အတွက် ဘယ်နေရာက အဖြစ်များဆုံး အခက်ခဲဆုံးလဲ၊ အဲ့လိုနေရာကိုပဲ ကြည့်ပြီးလုပ်ရတယ်။ ပုံမှန်ရနေကြလူတွေတော့ အနည်းငယ်၊ နည်းသွားတာမျိုးရှိမယ်။ အဲ့လိုပုံစံမျိုးတော့ဖြစ်သွားတယ်” စောခဲလေ – ဒုညွန်ကြားရေးမှူး / CIDKP

စစ်ရှောင်ဦးရေတိုးပွားလာမှုနှင့် ကူညီထောက်ပံ့မှုအခြေအနေများအပေါ် ကရင့်ပြည်တွင်းနေရပ်စွန့်ခွာသူများရေးရာကော်မတီ - CIDKP ဒုညွန်ကြားရေးမှူးစောခဲလေနှင့် ဆက်သွယ်မေးမြန်းချက်။ KNU - ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ကော်သူးလေနယ်မြေများဖြစ်သည့် တောင်ငူ၊ ဘိတ်၊ ထားဝယ်နှင့် ဖားအံခရိုင်တို့တွင် ပြီးခဲ့သည့်မတ်လအတွင်း စစ်ဘေးကြောင့် နေရပ်ရွှေ့ပြောင်းနေထိုင်ရသူ (IDP) ဦးရေ ၃ ထောင်နီးပါးတိုးလာကြောင်း ကရင့်ပြည်တွင်းနေရပ်စွန့်ခွာသူများရေးရာကော်မတီ-CIDKP ကထုတ်ပြန်သည်။ ကရင့်လက်နက်ကိုင်တပ်များနှင့် စစ်ကောင်စီတပ်တို့ကြား...