‘ဝ’ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ/ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်

By MPM 10 အောက်တိုဘာ, 2025 👁

uwsa


 

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၇ ဧပြီ ၁၉၈၉

ရုံးချုပ် – ပန်ခမ်း (ပန်ဆန်း)

လှုပ်ရှားရာ နယ်မြေ – ပန်ဆန်း၊ မိုင်းမ၊ ပန်ဝေ၊ နားဖန်း၊ မိုင်းပေါက်၊ မိုင်းယန်း၊ ဟိုပန်၊ မက်မန်း၊ မိုင်းတုံ၊ မိုင်းဆက်၊ တာချီလိတ်၊ မိုင်းပန်၊ မိုင်းယောင်း

ဥက္ကဌ – ပေါက်ယူချန်း

စစ်ဦးစီးချုပ် – ပေါက်ကျွိန်းဖင်း (ခ) ဦးပေါက်အိုက်ချန်

အတွင်းရေးမှူး – ဦးပေါက်အိုက်ခမ်း

Facebookhttps://www.facebook.com/WaStateTV2011318/

စစ်အာဏာသိမ်းကာလတလျှောက် စစ်အုပ်စုနှင့် UWSP/UWSA အကြား ထိတွေ့ဆက်ဆံမှုသည် အခြားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များထက်ပင် အားကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” အတွင်း စစ်အုပ်စုအတွက် လက်လွှတ်ဆုံးရှုံးရလုဖြစ်နေသည့် ဟိုပန်နှင့် ပန်လုံမြို့နှစ်မြို့အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်တွင် UWSA တပ်များ ဝင်ရောက်နေရာယူခဲ့ကြသည်။

စစ်အုပ်စု စွဲကိုင်အသုံးပြုနေသည့် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းပါဝင်သော အဆိုပါဟိုပန်နှင့် ပန်လုံမြို့များအား ၂၀၂၄ ခုနှစ် ဇန်နဝါရီ လ ၁၀ ရက်နေ့တွင် UWSP/UWSA ၏ “ဝ” ပြည်နယ်၊ ပြည်သူ့အစိုးရထံသို့ စစ်အုပ်စုက တရားဝင် လွှဲပြောင်းပေးအပ်ခဲ့သည်။ “၁၀၂၇ စစ်ဆင်ရေး” အတွင်း UWSP/UWSA အတွက် သေနတ်တချက်မျှမဖောက်ရဘဲ အာဏာသိမ်းစစ်အုပ်စုထံမှ မြို့နှစ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဟု ဆိုရမည်ဖြစ်သည်။

၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင်တော့ မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်ပြီး သဘောထားထုတ်ပြန်ချက်တရပ် ကြေညာကာ “ဝ” ပြည်နယ်ရှိ တိုင်းရင်းသားပေါင်းစုံတို့၏ အကျိုးစီးပွားကိုစဉ်းစား၍ မည်သည့်အဖွဲ့အစည်း၏ စစ်ရေးပဋိပက္ခတွင်မျှ ပါဝင်ပတ်သက်မှုမပြုခြင်းနှင့် စစ်မီးမမွေးခြင်းဆိုသည့် ဘက်မလိုက်မူဝါဒကို ဆုံးဖြတ်ထားသည်ဟု ဆိုပါသည်။ “ဝ” ပြည်နယ်မှ ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံအနှံ့ ပဋိပက္ခများအတွင်း ထိခိုက်ခဲ့ရသောပြည်သူများ၏ စီးပွားရေး နလန်ထူစေရေးနှင့် နေရပ်စွန့်ခွာနေကြသော ပြည်သူများ လုံခြုံရေးအား အာမခံချက်ရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုအပါအဝင် ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ဖြေရှင်းသွားရန် UWSP/UWSA က တိုက်တွန်းထားပါသည်။

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅