|
|
|
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၉၆၄၊ ၁၉၉၆ ရုံးချုပ် – လွယ်တိုင်လန်း၊ ရှမ်းပြည်နယ်တောင်ပိုင်း လှုပ်ရှားရာနယ်မြေ – ရှမ်းအရှေ့ပိုင်းရှိ မိုင်းတုံ၊ မိုင်းဆတ်၊ ရှမ်းတောင်ပိုင်းရှိ မိုင်းပန်၊ မိုးနဲ၊ လဲချား၊ ကွန်ဟိန်း၊ လွယ်ဆစ်၊ မောက်မယ်၊ မိုးကောင်း၊ နမ့်ဆန်နှင့် ရှမ်းမြောက်ပိုင်းရှိ ကျောက်မဲ၊ နမ့်ခမ်းမြို့နယ်များ ဥက္ကဌ – ဗိုလ်ချုပ်ကြီး ယွက်စစ် ဒုဥက္ကဌ (၁) – ဒုတိယဗိုလ်ချုပ်ကြီး စိုင်းယီ ဒုဥက္ကဌ (၂) – စစ်ဦးစီးချုပ် – ဗိုလ်ချုပ်ခေးငင် အတွင်းရေးမှူး (၁) – ဗိုလ်မှူးကြီးစိုင်းငင်း နိုင်ငံရေးအရ ပူးပေါင်းအဖွဲ့ – 7 EAO Alliance အဖွဲ့ဝင် Facebook – https://www.facebook.com/TaiFreedomBurmese Website – https://burmese.taifreedom.com/ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၏ အနှစ်သာရဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အဖက်ဖက်မှဆွေးနွေးခြင်းနည်းလမ်းဖြင့် တွေ့ဆုံအကောင်အထည်ဖော်သွားကြရန် NCA လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် ကြေညာချက်ကို RCSS ကထုတ်ပြန်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒအောက် ရောက်ရှိရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအား ဖိအားပေးလုပ်ဆောင်ခြင်းနှင့် စစ်အာဏာသိမ်းမှုကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်သွားခြင်းအပါဝင် NCA ၏ ရည်မှန်းချက်များ မအောင်မြင်ရသည့် အကြောင်းအရင်း (၅) ချက်ကိုလည်း ထည့်သွင်းဖော်ပြထားသည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်မှ ၄ ရက်နေ့အထိ RCSS မှ ဦးဆောင်ကျင်းပသည့် ပထမအကြိမ်သျှမ်းအမျိုးသားညီလာခံမှတဆင့် သျှမ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက် အခြေခံမူ (၃၃) ချက်နှင့် အခြေခံအခွင့်အရေး (၃၈) ချက်ကို ဆွေးနွေးအတည်ပြုနိုင်ခဲ့ပြီး အဆိုပါအတည်ပြုချက်များအား အကောင်အထည်ဖော်နိုင်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များအား ဆောင်ရွက်နိုင်ရန်အတွက် သျှမ်းပြည်နယ်ဖက်ဒရယ်ရေးရာဦးဆောင်အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။ သျှမ်းပြည်နယ်အတါင်းရှိ လူမျိုးစုများ အတူယှဉ်တွဲနေထိုင်ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူအခွင့်အရေးတို့ကို ဖော်ဆောင်နိုင်ရေး၊ ရှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ထွန်းရေးနှင့် သျှမ်းပြည်နယ်ကို ကိုယ်စားပြုသော နိုင်ငံရေးစုဖွဲ့မှုတစ်ရပ် ပေါ်ထွန်းရေးအတွက် ပူးပေါင်းပါဝင်ပေးကြရန်လည်း သျှမ်းပြည်အမျိုးသားညီလာခံမှတဆင့် ဖိတ်ခေါ်ထားသည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ပြုလုပ်သည့် RCSS နှစ်ပတ်လည်အစည်းအဝေးနှင့် ကောင်စီကွန်ဂရက်မှတဆင့် လက်ရှိဥက္ကဌဗိုလ်ချုပ်ကြီးယွက်စစ်အား ဥက္ကဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့ပြီး လာမည့် (၄) နှစ်တာအတွက် ရှေ့လုပ်ငန်းစဉ်များလည်း ချမှတ်နိုင်ခဲ့သည်ဟု ဆိုပါသည်။ RCSS အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ရပ်တည်ပြီး နိုင်ငံရေးပြဿနာများအား ဆွေးနွေးခြင်းနည်းလမ်းဖြင့် အဖက်ဖက်သောအဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းဖြေရှင်းသွားမည်ဟု ဆိုပါသည်။ လက်ရှိတွင်လည်း တိုင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (၇) ဖွဲ့ပါဝင်သော 7EA တွင် ဦးဆောင်ဦးရွက်ပြုလျက်ရှိပြီး အာဏာသိမ်းစစ်အုပ်စုနှင့် တစ်ဖွဲ့ချင်းစီသော်လည်းကောင်း၊ အစုအဖွဲ့အလိုက်သော်လည်း RCSS အနေဖြင့် ထိတွေ့ဆက်ဆံလျက်ရှိပါသည်။ |
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ
By MPM
26 အောက်တိုဘာ, 2026
👁 500
