![]() |
|
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၀ ဇန်နဝါရီ ၁၉၇၃၊ ၁၉၈၇၊ ၁၉၉၇၊ ဧပြီ ၂၀ဝ၈ ရုံးချုပ် – ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ လွယ်လန်းဒေသ ဥက္ကဌ – ကျာဟား ဒုတိယဥက္ကဌ – ကျာခွန်ဆာ အထွေထွေအတွင်းရေးမှူး – ကျာကော် နိုင်ငံရေးအရ ပူးပေါင်းအဖွဲ့ – တိုင်းရင်းသားလူမျိုးများကောင်စီ (MEC) အာဏာသိမ်းစစ်အုပ်စု၏ ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်မှုအပေါ် အကြောင်းပြုပြီး LDU ၏ ခေါင်းဆောင်ပိုင်းတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်စေခဲ့သည်။ ဥက္ကဌကျာဟား ဦးဆောင်သည့် မူလ LDU အဖွဲ့နှင့် ကျာဆော်လမွန်က ဦးဆောင်သည့် LDU အဖွဲ့အသစ်ဟူ၍ အုပ်စုနှစ်စုကွဲသွားခဲ့သည်။ အာဏာသိမ်းစစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သည့် အဖွဲ့သစ်ဦးဆောင်သူ ကျာဆော်လမွန်၊ ကျာယာကုပ်နှင့် ကျာဖူးတို့ (၃) ဦးအား မူလအဖွဲ့မှ ထုတ်ပယ်ခဲ့ပြီး တော်လှန်ရေးလမ်းစဉ်ကိုသာ ကျင့်သုံးသွားမည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် ကြေညာခဲ့သည်။ ကျာဆော်လမွန် ဦးဆောင်သည့် LDU အဖွဲ့သစ်ကမူ 7 EAO Alliance တွင် ဆက်လက်ပါဝင်နေပြီး အာဏာသိမ်းစစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုများ ဆက်လက်လုပ်နေဆဲဖြစ်သည်။ ဦးသိန်းစိန်အစိုးရလက်ထက်အတွင်း ၎င်းတို့ကိုယ်တိုင်လက်မှတ်ရေးထိုးထားသည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) သည် ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုကြောင့် စာချုပ်၏ အနှစ်သာရ၊ အခြေခံမူများနှင့် ရည်မှန်းချက်များ ပျက်ဆီးသွားခဲ့ပြီး NCA အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်လည်း ရပ်ဆိုင်းကာ စက္ကူစုတ်အဖြစ် ရောက်ရှိသွားပြီဖြစ်ကြောင်း ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် KNU၊ CNF၊ NMSP (AD)၊ PNLO၊ ABSDF တို့နှင့်အတူ LDU က ပူးတွဲသဘောထားထုတ်ပြန်ခဲ့သည်။ စစ်အုပ်စု၏ NCA အမည်ခံသော ဟန်ပြလုပ်ငန်းစဉ်များသည်လည်း နိုင်ငံ့အကျပ်အတည်း၊ ပြည်သူလူထု၏ ဆင်းရဲဒုက္ခများကို ဖြေရှင်းပေးနိုင်မည်မဟုတ်ဘဲ ပဋိပက္ခများသည် ပိုမိုရှည်ကြစေလိမ့်မည်ဟု ဆိုထားပါသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်သော တိုင်းရင်းသားလူမျိုးများကောင်းစီ (MEC) နှင့် ဖက်ဒရယ်ယူနစ်အဖွဲ့အစည်းများ၏ သဘောထားထုတ်ပြန်ချက်တွင် KNPP ၊ KNU၊ CNF၊ NMSP (AD)၊ TLC၊ PNFC၊ MSFC၊ KSCC၊ WLB အပါအဝင် အဖွဲ့အစည်း (၁၁) ဖွဲ့နှင့်အတူ LDU လည်း ပါဝင်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် အာဏာသိမ်းစစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲအား နိုင်ငံရေးအရ လုံးဝလက်ခံသွားမည်မဟုတ်ကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်ရှိတော်လှန်ရေးအင်အားစုများ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားရေး ချဉ်းကပ်မှု (Button-up Federalism Approach) အခြေခံမူဖြင့် ဖက်ဒရယ်တည်ဆောက်ရေးလုပ်ငန်းများအား နိုင်ငံတကာမှ တရားဝင်အသိအမှတ်ပြုထောက်ခံကြရန် တိုက်တွန်းထားသည်။ မြန်မာနိုင်ငံအား ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်သည်အထိ ရည်မှန်းချက်တူညီသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ လူမှုအသင်းအဖွဲ့များနှင့် မဟာမိတ်ဖွဲ့ကာ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင့်း လားဟူတော်လှနမ်ရေးနှစ် (၅၀) ပြည့်အခမ်းအနားတွင် LDU ဥက္ကဌ ကျာဟားက ပြောဆိုခဲ့ပါသည်။ [1] [1] လားဟူတော်လှန်ရေး နှစ် ၅၀ ပြည့် ကျင်းပ၊ ဧရာဝတီ၊ ၁၀ ဇန်နဝါရီ ၂၀၂၃ Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၅– ၂၀၂၆ |
လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)
By MPM
26 အောက်တိုဘာ, 2026
👁 465
