မြန်မာနိုင်ငံအတွင်းရှိ စစ်ရေးပဋိပက္ခဖြစ်စဉ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွင်း တွေ့ရှိရသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ (EROs) အကြောင်း လက်လှမ်းမီသမျှ ရွေးထုတ်တင်ပြထားခြင်းဖြစ်သည်။ ERO များ၏ ဖြစ်တည်မှုနှင့် ဦးတည်ရာများကို အချက်အလက်များ၊ ဖြစ်စဉ်ဖြစ်ရပ်များအပေါ် အခြေပြုကာ နှစ်အလိုက် တွေ့ရှိရသည့် ဖြစ်တည်မှုနှင့် ဦးတည်ရာများကို လေ့လာနိုင်ဖို့အတွက် ရည်ရွယ်တင်ပြထားခြင်းဖြစ်သည်။