မြန်မာနိုင်ငံ လက်နက်ကိုင်ပဋိပက္ခဒက်ရှ်ဘုတ် အချက်အလက်ဆိုင်ရာရှင်းလင်းချက် (Metadata)

By MPM 4 ဇူလိုင်, 2024 👁 3

အကျဉ်းချုပ်

  • ထုတ်လုပ်သူ – နိုင်ငံတကာမြန်မာ့သတင်း (BNI)- မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအဖွဲ့ (MPM)
  • ရည်ရွယ်ချက် – မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခနှင့်ပတ်သက်၍ အကျဉ်းချုပ်အချက်အလက်များပေးရန် ရည်ရွယ်သည်။ ပဋိပက္ခတိုက်ဆိုင်ရာ အရှိန်အဟုန်၊ အတက်အကျအခြေအနေများကို သတိပြုမိစေရန်လည်း ရည်ရွယ်သည်။
  • အချက်အလက်မှတ်တမ်းတင်မှုကာလ – ၁ ဇန်နဝါရီလ ၂၀၂၀ မှ ယနေ့အထိ။

အချက်အလက်စုဆောင်းခြင်းနှင့် နည်းနာ

  • ရင်းမြစ် – BNI- မြန်မာ့ငြိမ်းရေးစောင့်ကြည့်ရေးအဖွဲ့ (MPM)
  • နည်းနာ – နေ့စဉ်သတင်းများကို အခြေခံ၍ တိုက်ပွဲများကို မြို့နယ်အလိုက် တစ်ရက်လျှင်

ဖြစ်စဉ်တစ်ခုအဖြစ် မှတ်တမ်းတင်ထားသည်။

  • မှတ်ချက် – အမှန်တကယ် တိုက်ပွဲဖြစ်ပွားမှုအရေအတွက်သည် မှတ်တမ်းတင်ထားသည်ထက် ပိုများနိုင်ပါသည်။ မြို့နယ်အလိုက် တစ်ရက်လျှင် ဖြစ်စဉ်တခုအဖြစ်သာ မှတ်တမ်းတင်ထားသည့်အတွက် အကြိမ်ရေအားဖြင့်မူ ယခုထက်ပိုမိုများပြားနိုင်ပါသည်။

အဓိကကိန်းဂဏန်းအချက်အလက်များ

  • စစ်ကောင်စီတပ် နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) အကြား တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း – စစ်ကောင်စီတပ် နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုများကို ဖော်ပြထားသည်။
  • စစ်ကောင်စီတပ် နှင့် မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း – စစ်ကောင်စီ တပ်နှင့် မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF/LDF) များအကြား တိုက်ပွဲဖြစ်ပွားမှုများကို ဖော်ပြထားသည်။
  • တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) အချင်းချင်းအကြား တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း – တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ အကြား တိုက်ပွဲဖြစ်ပွားမှုများကို ဖော်ပြထားသည်။

ပုံဖြင့်ဖော်ပြမှုများ

  • ၁။ မြို့နယ်အလိုက်တိုက်ပွဲဖြစ်ပွားမှု – ပထဝီဝင်အနေအထားအရ မြန်မာနိုင်ငံအနှံ့ လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားမှုကို ဖော်ပြထားသည်။
  • ၂။ Actor အလိုက် တိုက်ပွဲဖြစ်ပွားမှု – မတူညီသော Actor များ ပါဝင်သည့် လက်နက်ကိုင်တိုက်ပွဲများကို ဖော်ပြထားသည်။
  • ၃။ လအလိုက် တိုက်ပွဲဖြစ်ပွားမှု – စစ်ကောင်စီတပ်နှင့် မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF) အကြား၊  စစ်ကောင်စီတပ်နှင့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအကြား၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား လစဉ်တိုက်ပွဲဖြစ်ပွားမှုကို ဖော်ပြထားသည်။

အပ်ဒိတ်ပြုလုပ်မှု

  • ကြိမ်နှုန်း – နောက်ဆုံးရအချက်အလက်များကိုပေးနိုင်ရန် အချက်အလက်များကို အပတ်စဉ် ပြန်လည်ဖြည့်စွက်သည်။

ဆက်သွယ်ရန်