စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုဒက်ရှ်ဘုတ် အချက်အလက်ဆိုင်ရာရှင်းလင်းချက် (Metadata)

By MPM 4 ဇူလိုင်, 2024 👁 5

အကျဉ်းချုပ်

  • ထုတ်လုပ်သူ – နိုင်ငံတကာမြန်မာ့သတင်း (BNI)- မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအဖွဲ့ (MPM)
  • ရည်ရွယ်ချက် – အရပ်သားများပြည်သူများအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ တော်လှန်ရေးအင်အားစုစုများအပေါ် အာဏာသိမ်းစစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သတ်၍ အကျဉ်းချုပ်အချက်အလက်များပေးရန် ရည်ရွယ်သည်။
  • အချက်အလက်မှတ်တမ်းတင်မှုကာလ – ၁ ဖေဖော်ဝါရီလ ၂၀၂၁ မှ ယနေ့အထိ။

အချက်အလက်စုဆောင်းခြင်းနှင့် နည်းနာ။

  • ရင်းမြစ် – နိုင်ငံတကာမြန်မာ့သတင်း (BNI)- မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအဖွဲ့ (MPM)
  • နည်းနာ – နေ့စဉ်သတင်းများကို အခြေခံ၍ တိုက်ပွဲများကို မြို့နယ်အလိုက် တစ်ရက်လျှင် ဖြစ်စဉ်တစ်ခုအဖြစ်သာ မှတ်တမ်းတင်ထားသည်။
  • မှတ်ချက် – အမှန်တကယ် တိုက်ပွဲဖြစ်ပွားမှုအရေအတွက်သည် မှတ်တမ်းတင်ထားသည်ထက် ပိုများနိုင်ပါသည်။ မြို့နယ်အလိုက် တစ်ရက်လျှင် ဖြစ်စဉ်တခုအဖြစ်သာ မှတ်တမ်းတင်ထားသည့်အတွက် အကြိမ်ရေအားဖြင့်မူ ယခုထက်ပိုမိုများပြားနိုင်ပါသည်။

အဓိကကိန်းဂဏန်းအချက်အလက်များ

  • လေကြောင်းတိုက်ခိုက်မှုများ – လေကြောင်းတိုက်ခိုက်မှုစုစုပေါင်းကို ဖော်ပြထားသည်။
  • အရပ်သားသေဆုံးမှုစုစုပေါင်း – လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုစုစုပေါင်းကို ဖော်ပြထားသည်။
  • ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသေဆုံးမှုစုစုပေါင်း – လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သေဆုံးမှုစုစုပေါင်းကို ဖော်ပြထားသည်။

ပုံဖော်ပြသမှုများ

  • ၁။ Actor အလိုက် လေကြောင်းတိုက်ခိုက်မှု – အရပ်သားပြည်သူများအပါအဝင် အစုအဖွဲ့ပေါင်းစုံအပေါ် ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုအရေအတွက်ကို ဖော်ပြထားသည်။
  • ၂။ လအလိုက် လေကြောင်းတိုက်ခိုက်မှု – လစဉ် လေကြောင်းတိုက်ခိုက်မှုများ ဖော်ပြထားသည်။
  • ၃။ လေကြောင်းတိုက်ခိုက်မှု တည်နေရာပြမြေပုံ – လေကြောင်းတိုက်ခိုက်မှုများကို ပထဝီဝင်အနေအထားအရ ဖော်ပြထားသည်။
  • ၄။ တိုင်းနှင့်ပြည်နယ်အလိုက် လေကြောင်းတိုက်ခိုက်မှု – နေရာဒေသအလိုက် လေကြောင်းတိုက်ခိုက်မှုအရေအတွက်များကို ဖော်ပြထားသည်။

အပ်ဒိတ်လုပ်မှု

  • ကြိမ်နှုန်း – နောက်ဆုံးရအချက်အလက်များကို ပေးနိုင်ရန်အတွက် အချက်အလက်များကို အပတ်စဉ် ပြန်လည်ဖြည့်စွက်သည်။

ဆက်သွယ်ရန်