“သူတို့က မီးရှို့လိုက်၊ သတ်လိုက်၊ လူဖမ်းလိုက်လုပ်ပြီး တက်လှိုင်းရွာထဲကို ပြန်၊ပြန်ဝင်သွားကြတာ။ ဘယ်သူမှ အနားမကပ်ရဲဘူး။ ရွာမီးရှို့တာကိုလည်း အဝေးကပဲ ကြည့်နေရတယ်။ သတ်ခံရတဲ့သူတွေထဲမှာ တချို့အမျိုးသမီးလေးတွေကို မုဒိမ်းကျင့်ထားတာမျိုးတွေလည်း တွေ့ရတယ်ဆိုပေမယ့် စစ်ကြောင်းဝေ့နေတော့ ရွာကိုဝင် မရှင်းရဲကြသေးဘူးဖြစ်နေတာ” ဘုတလင်ဒေသခံအမျိုးသား
21 Oct 2024