26 ဇွန် 2024 /

See today's Peace Related News

Home ကျွန်ုပ်တို့အကြောင်း

ကျွန်ုပ်တို့အကြောင်း

ကျွန်ုပ်တို့အကြောင်း

နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ (ဘီအင်န်အိုင်) သည် မြန်မာနိုင်ငံအနောက်ဘက် နယ်စပ် ဒေသများဖြစ်သော မြန်မာ-ဘင်္ဂလားဒေ့ရှ်၊ မြန်မာ - အိန္ဒိယ နယ်စပ်များတွင် အခြေပြုသည့် မီဒီယာ အဖွဲ့အစည်းလေးခုဖြင့် ၂၀ဝ၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်တွင် အိန္ဒိယနိုင်ငံ၊ ကာလကတ္တား မြို့တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့သည်။ တည်ထောင်ခဲ့သောအဖွဲ့အစည်းများမှာ Mizzima News, Narinjara News, Kaladan Press Network နှင့် Khonumthung News တို့ ဖြစ်သည်။ နောက်ပိုင်းတွင် နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ကို ထိုင်းနိုင်ငံနှင့် ထိုင်း မြန်မာနယ်စပ်တွင် အခြေ စိုက်သော သတင်းအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံအတွင်း၌ အခြေစိုက်သောအဖွဲ့များဖြင့် တိုးချဲ့ ဖွဲ့စည်းခဲ့ကြသည်။ လက်ရှိတွင် တိုင်းရင်းသားမီဒီယာ၊ ဒေသခံမီဒီယာ ၁၆ ဖွဲ့ဖြင့် စုစည်းထားသည်။ နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့သည် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သည့်သတင်းများ တောင်အာရှနှင့် အရှေ့တောင် အာရှရှိ အစီရင်ခံစာများကို မြှင့်တင်ပေးရန် ရည်ရွယ်သည်။ ထို့အပြင် လွတ်လပ်သည့် မြန်မာမီဒီယာအဖွဲ့အစည်းများကြား အပြန်အလှန်နားလည်မှုရှိစေရန် ပေါင်းကူးပေးခြင်း၊ အတွေ့ အကြုံများ၊ ကျွမ်းကျင်မှုနှင့် အရင်းအမြစ်များ ဖလှယ်မှုပြုစေခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပေါ်ပေါက်စေရန် လုပ်ဆောင်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် စစ်အာဏာရှင်ကို ဆန့်ကျင်နေသည့် တော်လှန်ရေး ကြောင့် ပဋိပက္ခဖြစ်ပွားနေသော ဒေသများ၏ သတင်းအချက်အလက်များကို BNI-MPM အဖွဲ့မှ စောင့်ကြည့်‌ရေးလုပ်ငန်းများကိုဆောင်ရွက်နေပြီး၊ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် အမျိုးသား ပြန်လည် သင့်မြတ်‌ရေးလုပ်ငန်းများကို ပိုမိုနားလည်နိုင်စေရန်နှင့်ချိတ်ဆက်လုပ်ဆောင်နိုင်စေရန် ရည်ရွယ်ပြီး နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့မှ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် စောင့်ကြည့်‌ရေးလုပ်ငန်းများကို လုပ် ဆောင်နေသည်။ ထို့ကြောင့် ၂၀၁၉ - ၂၀၂၀ တွင် မိမိတို့ Myanmar Peace Monitor ၏ စုဆောင်း မှတ်တမ်းပြုစုထားသည့် စာအုပ်ထဲတွင် ရှုပ်ထွေးပွေလီလှပြီး အဆင့်များစွာပါဝင်နေသည့် ငြိမ်းချမ်း ရေးဖြစ်စဉ်နှင့် တိုက်ရိုက်ပတ်သက်နေသော အကြောင်းအရာများ၊ အဖြစ်အပျက်များ၊ လူပုဂ္ဂိုလ်များ၊ ငြိမ်းချမ်းရေးဖြစ်စဉ် ဦးတည်ချက် လားရာ စသည်တို့ကို သေချာဂနစွာ နားလည် သဘောပေါက်စေ ရန် ရည်ရွယ်သည်၊ မြန်မာ့ငြိမ်းချမ်း‌ရေး ဖြစ်စဉ်နှင့်စောင့်ကြည့်ရေးဝက်ဘ်ဆိုက် ( www.mmpeacemonitor.org) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်သော နောက်ဆုံးရသတင်းများကို ပုံမှန်လွှင့်တင်လျက်ရှိနေ ပါသည်။ စာဖတ်သူများအနေဖြင့် နောက်ဆုံးရသတင်းများနှင့် အချက်အလက်များကို စိတ်ဝင်စားပြီး ရယူလိုပါက www.mmpeacemonitor.org တွင် အဖွဲ့ဝင်ထားပြီး ရယူနိုင်ပါသည်။ သတင်းအချက် အလက်များ ရယူခြင်း၊ အကြံဉာဏ်များ ပေးခြင်း၊ သတင်းအချက်အလက်များကို မျှဝေပေးမည် ဆိုပါက [email protected]ကို ဆက်သွယ်နိုင်ပါသည်။