25 ဇန်နဝါရီ 2025 /

See today's Peace Related News

လေယာဉ်ပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုများအကြား နေထိုင်ကြရသည့် ဖယ်ခုံအနောက်ဘက်ခြမ်း ဒေသခံတို့ စိုရိမ်မှု၊ အခက်အခဲစကားသံများ။

ဖယ်ခုံ – ပင်လောင်းမြို့နယ်စပ်တွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်လကျော် ကြာမြင့်လာပြီဖြစ်ပြီး ဖယ်ခုံဒေသခံများမှာ စစ်ဘေးတိမ်းရှောင်နေရသလို တိမ်းရှောင်ကြရသည့်နေရာတွင်လည်း စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုကို ကြားနေရတာကြောင့် စိုးရိမ်ထိတ်လန့်လျက် ရှိနေကြသည်။

ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ ကျေးရွာများနှင့် အနီးအနားဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ဖယ်ခုံဒေသခံများအပြင် စစ်ဘေးရှောင်များသည်လည်း ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းနှင့် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းသို့ ထပ်ဆင့်တိမ်းရှောင်နေရကြောင်း သိရသည်။

နှစ်ဖက်တပ်ကြား တိုက်ပွဲတွေကြောင့် ထပ်မံစစ်ရှောင်နေကြရတဲ့ ဖယ်ခုံဒေသခံများနှင့် စစ်ဘေးရှောင်တချို့၏ စိုးရိမ်မှု၊ စစ်ရှောင်နေထိုင်ရာတွင် လိုအပ်ချက်အခက်အခဲစသည့် စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။

ဒေါ်ဒေးဒေး (ဖယ်ခုံဒေသခံတစ်ဦး)

“စိုးရိမ်တာတော့ အများကြီးရှိတာပေါ့။ အသံတွေကြားပြီဆိုရင် ကိုယ်နေတဲ့နေရာနားကို ရောက်လာမလား၊ ထပ်ပြေးရအုံးမှာလား အဲ့လိုမျိုးတွေပေါ့။ အဒေါ်တို့မကဘူး သက်ကြီးရွယ်အိုနဲ့ ကလေးတွေအတွက် စဥ်းစားပြီးတော့ စိတ်ပူတယ်။ ပြေးတာက အိမ်ကနေထွက်တာက တနေရာတည်းမဟုတ်ဘူး၊ နှစ်နေရာသုံးနေရာ ရွေ့ပြီးမှ ရောက်လာကြတယ် ဒီနေရာကို။ အဲ့ခါကြတော့ သူတို့က ဘယ်နေရာထပ်သွားမလဲ၊ သွားမယ်ဆိုလည်း လမ်းစရိတ် တွေက မရှိတော့ဘူး။ ထပ်သွားဖို့နေရာကလည်း မရှိတော့ အမျိုးမျိုးစဥ်းစားပြီး စိတ်ပူတာပေါ့။ စပါးစိုက်တယ် ပြောင်းစိုက်တယ် ပြောင်းတော့နည်းတာပေါ့။ စစ်ရှောင်ကတော့ တချို့စပါးစိုက်တယ် တချို့ကနေ့စားလိုက်တယ် သူများခြံတွေမှာ။ သူတို့လုပ်ရတဲ့အလုပ်နဲ့ မိသားစုအတွက် မလုံလောက်ဘူး ဒီမှာရှိတဲ့အလုပ်ပေါ့။ ကုန်ဈေးနှုန်း တွေကလည်း တရက်ပြီးတရက်မြင့်တက်လာတော့ လုံလောက်မှု မရှိဘူး”

ပုံစာ – နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသည့် ကရင်နီစစ်ဘေးရှောင်တချို့။

အသက် ၅၀ ကျော်ရှိ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး

“စိုးရိမ်ရပါတယ်။ တခါတလေလည်း မိုးပေါ်ကလေယာဥ်ဝဲလာပြီး ဗုံးတွေလာကျအုံးမလား မသိဘူးဆိုပြီးတော့ စိတ်ကတော့ စိုးရိမ်ရတယ်ပေါ့နော်။ ကြောက်ရတယ်ပေါ့နော်။ ကတုတ်ကျင်း နည်းနည်းပါးပါးတော့ တူးရမယ် ထင်တယ်ဆိုပြီး ကလေးကိုပြောနေတာပေါ့”

မောင်စိန် (ဖယ်ခုံဒေသခံတစ်ဦး)

“ဒီမှာလိုအပ်တာကတော့ အမျိုးမျိုးပဲပေါ့နော်၊ စစ်ရှောင်ဘဝဆိုတော့ လိုအပ်ချက်က အများကြီးရှိတယ်။ ပြီးတော့ ကိုယ်က ဘာမှမရှိတဲ့သူဆိုတော့ ခုလိုရှောင်ရတော့အဆင်မပြေဘူး။ ဒီမှာရှောင်တာလည်း သူများစက်ငှားလာတာ အခုထိ စက်ခမပေးနိုင်သေးဘူး။ ဒီကိုလာဖို့ ခက်ခက်ခဲခဲနဲ့ လာရတာပေါ့။ ကြောက်ကြောက်ရွံ့ရွံ့နဲ့ပေါ့။ ဒီမှာလည်း တဲဆောက်တာလည်း အမြဲနေရမလား၊ မနေရဘူးလားဆိုတဲ့စိတ်နဲ့ ခဏနေ နောက်ထပ်တနေရာ ထပ်ပြေးရမလား ဆိုတဲ့စိတ်နဲ့ လေယာဥ်လည်း တရက်တခေါက်၊ နှစ်ခေါက်ဝဲသံ ကြားနေရတယ်။ စိုးရိမ်တဲ့စိတ်နဲ့ ကိုယ်ကဒီမှာ တဲဆောက်တာလဲ ဘယ်နှစ်နှစ်လောက်နေရမလဲ။ ဘယ်နှစ်လလောက် နေရမလဲဆိုတာထက် ဘယ်အချိန် ပြေးရမလဲဆိုတာကို စိတ်က အဲ့ဒါပဲ တွေးနေတယ်ပေါ့”

ပုံစာ – နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသည့် ကရင်နီစစ်ဘေးရှောင်တချို့။

အသက် ၄၀ ဝန်းကျင်ရှိ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး

“လိုအပ်ချက်တွေကတော့ အများကြီးရှိတာပေါ့နော၊ ကိုယ့်ရပ်ရွာဒေသ မဟုတ်တဲ့အတွက်လေ။ အလုပ်အတွက် ဆိုလည်း ခက်ခဲတာပေါ့နော။ ကျန်းမာရေးပိုင်းရော ဆေးဝါးတွေလည်း လိုအပ်တာပေါ့နော။ ဆေးခန်းတွေနဲ့လည်း အလှမ်းဝေးတော့ အခက်အခဲရှိတာပေါ့။ လေယာဥ်သံတွေ အမြဲတမ်းကြားရတဲ့အခါကြတော့ စိုးရိမ်စိတ်တော့ အမြဲတမ်း ရှိတာပေါ့နော်။ စိတ်က လုံခြုံမှုမရှိဘူးပေါ့နော်။ ဗုံးခိုကျင်းတွေရှိပေမယ့်လည်း ဗုံးခိုကျင်းထဲ သွားမယ် ဆိုလည်း ကိုယ့်စိတ်ကလေ လေယာဥ်ကြဲလိုက်တဲ့အခါ အဲ့ထဲမှာကျရင် ဘယ်လိုလုပ်မလဲပေါ့။ စိုးရိမ်စိတ်တွေ ကတော့ အမြဲတမ်းတော့ရှိတာပဲပေါ့”

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

“ရာမညပူးတွဲစစ်ကြောင်းအနေနဲ့ ဗျူဟာမြောက်စစ်ဆင်ရေးတွေ ဖော်ဆောင်နိုင်ဖို့ ကျွန်တော်တို့ ရည်မှန်းထား ပါတယ်။ ဒီထက်အချက်အခြာကျတဲ့ ဗျူဟာမြောက်စစ်ဆင်ရေးတွေကို မဟာမိတ်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ NUG၊ MOD၊ PDF တွေနဲ့ ကျွန်တော်တို့ရဲ့မဟာမိတ် KNU တပ်ဖွဲ့တွေနဲ့လည်း လိုအပ်ရင်လိုအပ်သလိုပူးတွဲပြီး စစ်ဆင်ရေးတွေ လုပ်သွားပါမယ်” ဒေါက်တာသီရိမွန်ချမ်း/ ရာမညစစ်ကြောင်းပြောရေးဆိုခွင့်ရှိသူ

ရာမညစစ်ကြောင်းဖော်ဆောင်မည့် စစ်ရေးအလာအလာများနှင့်ပတ်သက်ပြီး ရာမညစစ်ကြောင်း၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသီရိမွန်ချမ်းနှင့် ဆက်သွယ်မေးမြန်းချက်။စစ်အာဏာသိမ်းခံရသည့် လေးနှစ်ပြည့်ခါနီးချိန် ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်နေ့တွင် မွန်လက်နက်ကိုင် တော်လှန်ရေး ၄ ဖွဲ့သည် စစ်အာဏာရှင်စနစ်ကို အတူတကွတိုက်ဖျက်ရန် ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းလိုက်ပါသည်။မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၄ ဖွဲ့နှင့် ဖွဲ့စည်းထားသည့် ရာမညပူးတွဲစစ်ကြောင်းတွင် မွန်ပြည်...

စစ်တွေတိုက်ပွဲကြောင့် နေရပ်စွန့်ခွာသူ သုံးထောင်ကျော်အထိတိုးလာ

ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူဦးရေ ၃,၀၀၀ ကျော်အထိ တိုးလာနေကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။ထွက်ပြေးလာသည့် စစ်ဘေးရှောင်များမှာ စစ်တွေမြို့အနီးအနားရွာများနှင့် စစ်တွေမြို့ပေါ်ရှိ စက်ရုံစု၊ ရွှေပြည်သာ၊ မင်းဂံ၊ ဆတ်ရိုးကျ စသည့် ရပ်ကွက်များမှဖြစ်ပြီး မိသားစု ၇၅၀၊ လူဦးရေ...

စစ်ကောင်စီ စစ်သုံ့ပန်း ၁၅၀ ဦးကို CDF – အရှို ဖမ်းဆီးထိန်းသိမ်းထားခဲ့ဟုဆို

မကွေးတိုင်းအနောက်ခြမ်းတွင် စစ်ကောင်စီကိုတိုက်ခိုက်နေသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF - အရှို သည် တော်လှန်ရေး ၂ နှစ်တာ ကာလအတွင်း စစ်ကောင်စီမိသားစုဝင်တချို့ အပါအဝင် စစ်ကောင်စီစစ်သုံ့ပန်း ၁၅၀ ဦး ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့တွင် CDF...