အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ(NCA-S EAO) ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်အဖွဲ့ (PPST) အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ(၁) စိုင်းညွန့်လွင်တို့၏ မိန့်ခွန်းများကို မိမိတို့ BNI – Myanmar Peace Monitor မှ စုစည်းထားခြင်းဖြစ်သည်။
သက်ဆိုင်ရာအစုအဖွဲ့များအလိုက် ခေါင်းဆောင်များဖြစ်ကြသည့်အတွက် ၎င်းတို့၏ မိန့်ခွန်းများက ယင်းတို့ ၏ သဘောထားကို ထင်ဟပ်နေပါလိမ့်သည်။