မြန်မာ့အရေး ကမ္ဘာ့အာရုံစိုက်မှု လျော့နည်းပျောက်ကွယ်သွားမည့်အန္တရာယ်နှင့် ရင်ဆိုင်နေကြောင်း ကုလအတွင်းရေးမှူးချုပ် သတိပေး

By MPM 24 စက်တင်ဘာ, 2026 👁 92

မြန်မာ့အရေးသည် ကမ္ဘာ့အာရုံစိုက်မှုလျော့နည်းပျောက်ကွယ်သွားမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (António Guterres) ကပြောဆိုလိုက်သည်။

စက်တင်ဘာလ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်တွင် ပြုလုပ်ခဲ့သော (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) မိန့်ခွန်း၌၎င်းကထိုသို့ ပြောကြားသွားခြင်းဖြစ်သည်။

“မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ မြင့်တက်လာခြင်း၊ လူအများအပြား နေရပ်စွန့်ခွာထွက်ပြေးရခြင်းနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ ကျယ်ပြန့်လာခြင်းတို့ကြောင့် နောက်ထပ် အကျပ်အတည်းတစ်ခုသည် ကမ္ဘာ့အာရုံစိုက်မှု လျော့နည်းပျောက်ကွယ်သွားမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်” ဟုပြောကြားသည်။

၎င်းပြင်သူက အရှေ့အလယ်ပိုင်း၊ ယူကရိန်း၊ ဆူဒန် အပါအဝင် မြန်မာနိုင်ငံကဲ့သို့ ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်ပြီး ပြောကြားရာတွင် “ဤပဋိပက္ခများနှင့် အခြားသော ပဋိပက္ခများစွာတို့သည် အာဏာကို ထိန်းချုပ်နိုင်စွမ်း မရှိတော့သည့်အခါ မည်သို့သော အခြေအနေမျိုး ဖြစ်ပေါ်လာတတ်သည်ကို ပြသနေပါသည်။ ထိုသို့သော အခြေအနေမျိုးတွင် အင်အားသုံးဖြေရှင်းခြင်းက သံတမန်နည်းလမ်းဖြင့် ဖြေရှင်းခြင်းထက် ကျော်လွန်လွှမ်းမိုးသွားလေ့ရှိပါသည်” ဟုလည်း ပြောဆိုသွားခဲ့သည်။

နိရဉ္စရာ