27 ဇွန် 2025 /

See today's Peace Related News

Homeအပတ်စဉ်သုံးသပ်ချက်အာဆီယံဥက္ကဌ၏ ခြေလှမ်း၊ နိုင်ငံတဝှမ်း အထွေထွေထိုးစစ်နှင့် စစ်အုပ်စု ရွေးချယ်ရမည့် လမ်း - အမှတ် ၁၆၈

အာဆီယံဥက္ကဌ၏ ခြေလှမ်း၊ နိုင်ငံတဝှမ်း အထွေထွေထိုးစစ်နှင့် စစ်အုပ်စု ရွေးချယ်ရမည့် လမ်း – အမှတ် ၁၆၈

အာဆီယံ အလှည့်ကျဥက္ကဌဖြစ်သူ မလေးရှားဝန်ကြီးချုပ်၏ မြန်မာ့အရေးအတွက် ခြေလှမ်းများသည် ယခင့်ယခင် အလှည့်ကျဥက္ကဌများ၏ လုပ်ဆောင်ချက်များထက် ပိုမိုစိတ်ဝင်စားဖွယ်ကောင်းလှသည်။ (၄) နှစ်ကျော်ကြာသည်အထိ အလုပ်မဖြစ်ခဲ့သော အာဆီယံဘုံသဘောတူညီချက် (၅) ချက်” ကို ကျော်လွန်လာပြီလားဟုပင် တချို့က ယူဆကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်နှင့် တွေ့ဆုံမှုကို ဓာတ်ပုံနှင့်တကွ အသိပေးခဲ့သည့် မလေးရှားဝန်ကြီးချုပ်၏ ချဉ်းကပ်မှုသည် အာဏာသိမ်းစစ်ခေါင်းဆောင်ထက် တော်လှန်အင်အားစုများဘက်ကို ပိုမိုမျက်နှာသာပေးခဲ့ကြောင်း ထင်ရှားစေသည်။

NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရော၊ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုပါ သီးခြားစီတွေ့ဆုံခဲ့သည့် မလေးရှားဝန်ကြီးချုပ် မစ္စတာအန်ဝါအီဘရာဟင်ကတော့ ငလျင်ဒဏ်သင့်ပြည်သူများ လူသားချင်းစာနာမှုအကူအညီများ လက်ခံရရှိရေးအတွက် ဘက်နှစ်ဘက်စလုံးက “ယာယီ အပစ်ရပ်ကြေညာချက်” သက်တမ်းတိုးဖို့ ပြောဆိုထားပါသည်။

ယခုတပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သုံးသပ်ချက်တွင် အာဆီယံ အလှည့်ကျဥက္ကဌ၏ ခြေလှမ်းများ၊ တော်လှန်ရေးအင်အားစုများဘက်မှ လှုပ်ရှားမှုများနှင့် အာဏာသိမ်းစစ်အုပ်စုဘက်မှ လုပ်ဆောင်ချက်များကို လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။

ပိုမိုဖတ်ရှုရန်>>>