လောင်းလုံးမြို့ပေါ်က စစ်ကောင်စီလက်အောက်စခန်း ၃ ခုကို ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်

By MPM 9 မတ်, 2025 👁 2

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီလက်အောက်တပ်စခန်း ၃ ခုကို မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တို့က ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုက မြို့ပေါ်တိုက်ပွဲ ဖော်ဆောင်ခြင်းဖြစ်သည်ဟု ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

လောင်းလုံးမြို့ပေါ်က ရဲစခန်း၊ စရဖရုံးနှင့် ထွေအုပ်ရုံးတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မတ်လ ၈ ရက်နေ့ မနက် ၆ နာရီခန့်ကစပြီး တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် ၃ နာရီကျော်ကြာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေချိန် စမ်းလှမ်းကျေးရွာ ပင်လယ်ပြင်ရှိ စစ်ကောင်စီစစ်သင်္ဘောကနေ လက်နက်ကြီးပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့တို့က ပြောသည်။

အဆိုပါတိုက်ခိုက်မှုက မြို့ပေါ်တိုက်ပွဲ ဖော်ဆောင်ခြင်းဖြစ်သည်ဟု ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်များဘက်က ထိခိုက်မရှိဘဲ ပြန်ဆုတ်လာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ဝင်များ၏ ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက်စုံစမ်းနေသည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားနေချိန်၌ လောင်းလုံးမြို့ပေါ်တွင် ဒေသခံတို့ သွားလူမှုမရှိတော့ဘဲ နေအိမ်များတွင် ပုန်းခို နေထိုင်ကြပြီးနောက် တိုက်ပွဲပြီးချိန်၌ ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။