လက်ထုတ္တောရွာ ဖြစ်စဉ်နှင့် စစ်ကောင်စီတပ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ – အမှတ် ၁၄၅

By MPM 27 မေ, 2024 👁

“ကလေးငယ်တွေရဲ့ ငိုသံတွေ၊
အမေရေ အမေရေဆိုတဲ့ ငိုကြွေး အော်ခေါ်သံတွေ၊ လက်ထုတ္တောရွာ ဝန်းကျင်တခုလုံး ငိုသံတွေ ပဲ့တင်ထပ်စေခဲ့ပါပြီ”

ဘေးလွတ်ရာဟု ယုံကြည်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ပုန်းအောင်းနေခဲ့သည့် သူတို့ကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းကြောင့် ကျန်ရစ်သူကလေးငယ်များ၊ မိသားစုဝင်များက ငိုကြွေးနေကြခြင်းဖြစ်သည်။

လက်ထုတ္တောရွာဖြစ်စဉ်ကဲ့သို့သော စစ်ကောင်စီတပ်သားများ၏ အရပ်သားပြည်သူများအပေါ် ကျူးလွန်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များသည် တိုင်းနှင့်ပြည်နယ် ၁၄ ခုစလုံးတွင် တွေ့ရှိနေရပြီဖြစ်သည်။

ယခုတပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့်အတူ မြန်မာနိုင်ငံတဝှမ်းလုံးတွင် တွေ့ရှိရသော (၅) ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်များကို လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။

ဆက်လက်ဖတ်ရှုရန်>>>