ကနီပျူစောထီးကျေးရွာ၌ တာဝန်ကျနေသည့်ရဲတစ်ဦး မြိုင်ပကဖထံ လက်နက်နှင့်အလင်းဝင်

0
237
Photo - မြိုင် ပ.က.ဖ

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ပျူစောထီးကျေးရွာတွင် တာဝန်ကျနေသည့် ရဲတပ်သားတစ်ဦးသည် လက်နက်ခဲယမ်းနှင့်အတူ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ အလင်းဝင်ရောက်လာတယ်လို့ မြိုင်မြို့နယ် ပကဖ တာဝန်ရှိသူတွေက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာတွင် တာဝန်ကျနေသော ရဲတပ်သားရဲအောင်ဆိုသူသညိ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်လာတဲ့အတွက် ကျပ်သိန်း ၅၀ ချီးမြှင့်ပေးခဲ့တယ်လို့ မြိုင် ပ.က.ဖ တာဝန်ရှိသူတွေက ပြောသည်။

“ရဲအောင်ရဲ့ထွက်ဆိုချက်အရ ကန်နီပျူရွာမှာ စစ်ကောင်စီလက်အောက်ခံတွေက ပျူစောထီး ကျား/မ မရွေးကို ကင်းစောင့်ခိုင်းပြီး စစ်သားတွေက သာသာယာယာနဲ့ သောက်စားနေကြတယ်Ó လို့ မြိုင် ပကဖ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ကန်နီပျူစောထီးရွာကို တော်လှန်ရေးတပ်များက ပိတ်ဆို့ဖြတ်တောက်မှု အားကောင်းလာတာကြောင့် ဆန်ပြုတ် ၃ လ နီးပါး စားခဲ့ရတယ်လို့ အလင်းဝင်လာသည့် ရဲတပ်သားရဲအောင်က ပြောဆိုကြောင်း ၎င်းက ပြန်ပြောသည်။

ကနီပျူစောထီးကျေးရွာတွင် စစ်သား ၇ ဦးနှင့် ရဲ ၆ ဦး ရှိနေပြီး ၎င်းတို့အချင်းချင်းလည်း ဆက်ဆံရေး အဆင်မပြေ ကြသလို ပျူစောထီးများကလည်း သောက်စားမူးယစ်ပြီး အချင်းချင်းထိုးကြိတ်တာတွေ ရှိနေတယ်လို့ ရဲတပ်သားရဲအောင်က ပြောဆိုသည်ဟု ဆိုသည်။

ရဲတပ်သားရဲအောင်သည် ကန်နီပျူစောထီးကျေးရွာတွင် ၂ နှစ်နီးပါးကြာ တာဝန်ထမ်းဆောင်ခဲ့ရပြီးနောက် မြိုင် ပ.က.ဖ ထံသို့ အူစီသေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ၉ မမ ကျည် ၁၇ တောင့် ယူဆောင်ပြီး အလင်းဝင်ခဲ့တာ ဖြစ်ကြောင်း သိရသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူနှင့် ပူးပေါင်းလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ သောင်း နီးပါးအထိ ရှိနေပြီဖြစ်တယ်လို့ NUG ရဲ့ မှတ်တမ်းအချက်အလက်များအရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here