မြိုင်ကို ရိက္ခာလာပို့သည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး

0
216
Photo - မြိုင် ပ.က.ဖ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ရိက္ခာလာပို့သည့်စစ်ကြောင်းကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ရာမှာ ၂ ဦး သေဆုံးပြီး စစ်လက်နက်ပစ္စည်းတချို့ကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ မြိုင် ပ.က.ဖက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကန်နီရွာကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ သံပုရာခြံရွာ အနောက်ဖျားမှာ ကင်းယူထားစဉ် ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုသည်။

တိုက်ပွဲကြာမြင့်ချိန် မိနစ် ၃၀ ဝန်းကျင်ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ၁ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦး သေဆုံးခဲ့တယ်လို့ မြိုင် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်တာ ပြည်သူ့အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်လာနိုင် တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကြောင်းသတင်းကို နားစွင့်ပြီး သတိနဲ့နေထိုင်ဖို့ အရေးကြီးပါတယ်Ó လို့ မြိုင် ပ.က.ဖ တာဝန်ရှိသူက ပြောပါသည်။

ဒီတိုက်ခိုက်မှုကို မြိုင် ပ.က.ဖ တပ်ရင်း၊ တပ်စု၊ တပ်စိတ်တွေနဲ့ ပခုက္ကူခရိုင် တပ်ရင်း ၂၊ ၆၊ ၇ နဲ့ ၁၇ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီထံက RPG အဖူး ၂ ဖူး၊ RPG ပို့ယမ်း ၁ ခု၊ စစ်ဝတ်တန်ဆာ ၂ ခု၊ ပစ္စတိုထည့်အိတ် ၁ ခု၊ MA ကျည်ဘောက် ၁ ခု၊ MA ကျည် ၉၆ တောင့်၊ဓားရှည် ၁ ချောင်း၊ စစ်သုံးကျောပိုးအိတ် ၃ လုံးနဲ့ စစ်သုံးမိုးကာ အင်္ကျီ ၂ ထည် တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here