မိုခါမုန်းတိုင်းသင့် ဒေသများ ရှင်းလင်းရေးပြုလုပ်ရာတွင် မြေမြှုပ်မိုင်းအန္တရာယ် သတိထားရန် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများ သတိပေး

0
269

ဆိုင်ကလုန်းမုန်တိုင်း မိုခါအပြီး ပျက်စီးအမှိုက်သရိုက်များ ရှင်းလင်းဖယ်ရှားရာတွင် မြေမြှုပ်မိုင်းအန္တရာယ်အား သတိထားရန် UNICEF Myanmar သတိပေးတိုက်တွန်း ပြောဆိုထားသည်။

“မုန်တိုင်းအတွင်းမှာ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေဟာ မိုးကြီး၊ ရေကြီး၊ မြေပြိုတာတွေကြောင့် နဂိုမူလနေရာကနေ အခြားနေရာတွေဆီကို နေရာရွှေ့လျား မျောပါသွားနိုင်ပါတယ်။ မသင်္ကာစရာပစ္စည်းများ တွေ့ရှိပါက သက်ဆိုင်ရာအဖွဲ့အစည်းများထံသို့ သတင်းပို့အကြောင်းကြားပါ” ဟု UNICEF Myanmar သတိပေးတိုက်တွန်း ပြောဆိုထားသည်။

၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုများ၏ စစ်တမ်းတွင် ၆၀ ရာခိုင်နှုန်းသည် ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ဒေသများ၌ ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိခဲ့သည်ဟုလည်း UNICEF Myanmar က ပြောသည်။

မြေမြှုပ်မိုင်း အန္တရာယ်သတိပေးမှုများကို အရပ်ဖက်အဖွဲ့အစည်းများနှင့် ပြည်တွင်း နိုင်ငံတကာအဖွဲ့အစည်းများမှလည်း သတိပေးတိုက်တွန်းများ ပြုလုပ်နေကြောင်း တွေ့ရှိရသည်။

Explosive Ordnance Risk Education in Myanmar အဖွဲ့ကလည်း “ဆိုင်ကလုန်းမုန်တိုင်း မိုခါအပြီး အန္တရာယ်ကင်းစွာ ရှင်းလင်းရေး”ဆိုသည့် ခေါင်းစဉ်ဖြင့် မြေမြှုပ်မိုင်းအန္တရာယ် သတိပေးတိုက်တွန်းထားမှုကိုလည်း တွေ့ရှိရသည်။

လက်ရှိတွင် မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ၌ အပျက်အစီး အမှိုက်သရိုက် ရှင်းလင်းဖယ်ရှားမှုများကို ဆောင်ရွက်လုပ်ကိုင်နေကြရသည့် အချိန်သာ ရှိနေသေးသဖြင့် မြေမြုပ်မိုင်း အန္တရာယ်ကို သတိထားရန် လိုအပ်လျက်ရှိနေဆဲဖြစ်သည်။

မိုခါမုန်းတိုင်ဒဏ်ကို ရခိုင်ပြည်နယ်အတွင်းအများဆုံးကြုံတွေ့ခံစားခဲ့ကြရပြီး လူပေါင်း ၁၁၅၆၇၉၆ ဦး ထိခိုက်ခဲ့ကာ ၁၄၈ ဦး သေဆုံးခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here