ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

0
349

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ရှိသူများက သံလွင်တိုင်းမ်ကို ပြောပါသည်။

မေ ၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်း အင်အား ၃၀ နီးပါး တပ်စွဲထားသော တပ်ခစန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက မြေပြင်အဖွဲ့များအပြင် ဒရုန်း ၃ စင်းနှင့်ပါ သွား ရောက်တိုက်ခိုက်ခဲ့ပါသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန်တစ်နာရီခွဲကြာဖြစ်ပွားခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဘက်က ဒရုန်းတစ်စီးပျက်စီးခဲ့သော်လည်း ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း သိရသည်။

တိုက်ပွဲကြောင့် ထမင်းမစားကျေးရွာနှင့် အနီးအနားရွာမှ ဒေသခံ ၅၀၀ ကျော်ဟာ ဘေးလွတ်ရာနေရာများသို့ အရေးပေါ်ပြောင်းရွှေ့ခဲ့ရကြောင်း ဒေသခံထံကနေ သိရပါသည်။

မေ ၅ ရက်နေ့ မနက်ပိုင်းမှာလည်း ပုလောကုန်းကျေးရွာအတွင်း စစ်ကောင်စီ၊ ပျူစောထီးအဖွဲ့နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အခြေနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် ပုလောမြို့နယ်မှာတော့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီကစပြီး တိုက်ပွဲတွေခပ်စိပ်စပ် ဖြစ်ပွားနေခြင်း ဖြစ်ပါသည်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here