တနင်္သာရီမြို့နယ် တမုတ်ချုံရွာအနီးမှာ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ

0
467
ဓာတ်ပုံ - Pu Law PDF (ပုံဟောင်းဖြစ်ပါသည်)

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် တမုတ်ချုံကျေးရွာအနီးတွင် ဧပြီ ၂၇ ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း တနင်္သာမြို့နယ် ပကဖ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောသည်။

ဧပြီ ၂၇ ရက်နေ့ ၊နေ့လည် ၂ နာရီကျော်အချိန်လောက်မှာ မြိတ်ဘက်ကနေ တနင်္သာရီမြို့ထဲ မောင်းဝင်လာတဲ့ တပ်အင်အား ၁၀၀ ကျော်ပါ စစ်ကား ၅ စီးကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုနာရီဝက်နီးပါးကြာ ဖြစ်ပွားပြီးနောက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေလည်း ပြန်လည်ဆုတ်ခွာခဲ့သလို စစ်ကောင်စီဘက်ကလည်း ယာဉ်တန်းကို ဆက်လက် မောင်း နှင်သွားခြင်းဖြစ်ကြောင်း တနင်္သာမြို့နယ် ပကဖ တာဝန်ရှိသူတွေက ပြောပါသည်။

စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက် တစ်စုံတစ်ရာမရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်။

ကြားဖြတ်တိုက်ခိုက်ခံရသော စစ်ကောင်စီယာဉ်တန်းဟာ လမ်းတလျှောက် သေနတ်တွေနှင့် ရမ်းသမ်းပစ်ခတ်သွားကြောင်း ဒေသခံတွေထံမှ သိရပါသည်။

ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ ချောင်းညီကိုကျေးရွာနားတွင် မြိတ်မှ ဘုတ်ပြင်းဘက်ကို မောင်းနှင်းလာသော စစ်ကောင်စီရိက္ခာယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ၅ ဦး ဒဏ်ရာရရှိခဲ့ပါသည်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here