တနင်္သာရီမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေ

0
248
ဓာတ်ပုံ - Tanintharyi PDF

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတယ်လို့ တနင်္သာရီမြို့နယ် မဟာမိတ်တပ်ပေါင်းစု တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တနင်္သာရီမြို့နယ် ရေဖြူကျေးရွာရှိ စစ်ကောင်စီ ဗျူဟာကုန်းကို တော်လှန်ရေးအင်းအာစု ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က အင်အားအလုံးအရင်း ထိုးစစ်ဆင်လာတဲ့အတွက် ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့ကနေ ဧပြီ ၅ ရက်နေ့အထိ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲတွေဟာ သိန်းခွန်၊ ချောင်းနှစ်ပေါက်၊ ရေဖြူ ၊ သဲဖြူ ၊ ဘန်းလမွတ်ကျေးရွာတွေအထိ တိုက်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာပြီး ၈ ရက်အတွင်း တိုက်ပွဲပေါင်း ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားထားပါတယ်။

နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက် ၃၀ နီးပါး သေဆုံးထာသလို ဒဏ်ရာရသူအများအပြားရှိပြီး တော်လှန်ရေး အင်အားစုဘက်ကလည်း PDF ရဲဘော်တစ်ဦး သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေကိုတော့ KNU တပ်မဟာ ၄၊ ကော်သူလေးအာမီ၊ တနင်္သာရီမြို့နယ် မဟာမိတ်တပ်ပေါင်းစု၊ တနင်္သာရီမြို့နယ် ပဖက၊ မြိတ် ပကဖစတဲ့ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်နေတာပါ။

တိုက်ပွဲတွေကြောင့် သိန်းခွန်၊ ချောင်းနှစ်ပေါက်၊ ရေဖြူ ၊ သဲဖြူ ၊ ဘန်းလမွတ်ရွာတွေအပြင် ကျေးရွာ ၁၀ ရွာလောက်က ဒေသခံ ၃၀၀၀ နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်စားနာမှု ဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ဒေသခံတွေထံကနေ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here