ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)

By MPM 10 အောက်တိုဘာ, 2025 👁

 

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၁ ဖေဖော်ဝါရီ ၂၀ဝ၇

ရုံးချုပ် – ကော့ကရိတ်မြို့နယ်၊ ကရင်ပြည်နယ်

လှုပ်ရှားရာ နယ်မြေ – ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကရင်ပြည်နယ်

ဥက္ကဌ – ဗိုလ်ချုပ်ကြီးစောထော့လေး

ဒုတိယဥက္ကဌ – ဒေါက်တာနော်ကပေါ်ထူး

အထွေထွေအတွင်းရေးမှူး – ဗိုလ်မှူးကြီးစောကျော်ညွန့်

Facebookhttps://www.facebook.com/p/KnuKnla-PC-Media-100064488230298/?locale=th_TH

KNU/KNLA-PC သည် NCA ကို ဆက်လက်ကိုင်ဆွဲကာ အာဏာသိမ်းစစ်ကောင်စီနှင့် အလွတ်သဘောတွေ့ဆုံမှုများ ရှိနေသကဲ့သို့ 7 EAO Alliance တွင် အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်လျက်ရှိပါသည်။ KNU/KNLA-PC အထွေထွေအတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးကြီးစောကျော်ညွန့်က 7 EAO Alliance တွင် တွဲဖက်အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပြီး လက်ရှိ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းကာ သက်ဆိုင်ရာအင်အားစုများနှင့် ဆွေးနွေးညှိနှိုင်းသွားမည်ဟု ဆိုထားပါသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင်း စစ်အုပ်စုနှင့် ကော်သူးလေအာမီ – KTLA တို့အကြား ဖြစ်ပွားသည့် ကျုံဒိုးမြို့အနီး တိုက်ပွဲအတွင်း စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များထံမှ သိမ်းဆည်းရမိသည့် ကျောပိုးအိတ်များအတွင်း KNU/KNLA-PC လက်မောင်းတံဆိပ်များ တွေ့ရှိခဲ့မှုကို အကြောင်းပြုပြီး စစ်အုပ်စုနှင့် ပူးပေါင်းတိုက်ခိုက်နေကြောင်း သတင်းများ ပြန့်နှံ့လာခဲ့သည်။ စစ်အုပ်စုနှင့် ပူးပေါင်းတိုက်ခိုက်ဖို့အတွက် စိတ်ကူးပင်မရှိကြောင်း ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောဆိုရှင်းလင်းခဲ့သည်။ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကာလအတွင်း နည်းလမ်းပေါင်းစုံဖြင့် ထိုးဖောက်ဝင်ရောက်လာသော သပ်လျှိုထိုးဖောက်ဝင်ရောက်မှုများကို သတိထားစေလိုကြောင်းနှင့် ကရင်လူထုများ စစ်ဘေးဒဏ်မှ ကင်းဝေးစေလိုသည့် ၎င်းတို့၏ ကြိုးပမ်းမှုများအပေါ် ဖျက်လိုဖျက်ဆီးသည့် လုပ်ရပ်များအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်းလည်း KNU/KNLA- PC က ထုတ်ပြန်ခဲ့ပါသည်။

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅