၁ ဖေဖော်ဝါရီ ၂၀၂၁ - ၁၄ မတ် ၂၀၂၃
၂၅၂၅
တိုက်ပွဲဖြစ်ပွားမှုရက်ပေါင်း
၁၃၄၃၈၃၈
စစ်ဘေးရှောင်အရေအတွက်
၂၉၉
လေကြောင်းတိုက်ခိုက်မှုရက်ပေါင်း
၆၃
ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှု အရေအတွက်
ကျွန်ုပ်တို့အကြောင်း နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ (ဘီအင်န်အိုင်) သည် မြန်မာနိုင်ငံအနောက်ဘက် နယ်စပ် ဒေသများဖြစ်သော မြန်မာ-ဘင်္ဂလားဒေ့ရှ်၊ မြန်မာ - အိန္ဒိယ နယ်စပ်များတွင် အခြေပြုသည့် မီဒီယာ အဖွဲ့အစည်းလေးခုဖြင့် ၂၀ဝ၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်တွင် အိန္ဒိယနိုင်ငံ၊ ကာလကတ္တား မြို့တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့သည်။ တည်ထောင်ခဲ့သောအဖွဲ့အစည်းများမှာ Mizzima News, Narinjara News, Kaladan Press Network နှင့် Khonumthung News တို့ ဖြစ်သည်။ နောက်ပိုင်းတွင် နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ကို ထိုင်းနိုင်ငံနှင့် ထိုင်း မြန်မာနယ်စပ်တွင် အခြေ စိုက်သော သတင်းအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံအတွင်း၌ အခြေစိုက်သောအဖွဲ့များဖြင့် တိုးချဲ့ ဖွဲ့စည်းခဲ့ကြသည်။ လက်ရှိတွင် တိုင်းရင်းသားမီဒီယာ၊ ဒေသခံမီဒီယာ ၁၆ ဖွဲ့ဖြင့် စုစည်းထားသည်။ နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့သည် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သည့်သတင်းများ တောင်အာရှနှင့် အရှေ့တောင် အာရှရှိ အစီရင်ခံစာများကို မြှင့်တင်ပေးရန် ရည်ရွယ်သည်။ ထို့အပြင် လွတ်လပ်သည့် မြန်မာမီဒီယာအဖွဲ့အစည်းများကြား အပြန်အလှန်နားလည်မှုရှိစေရန် ပေါင်းကူးပေးခြင်း၊ အတွေ့ အကြုံများ၊ ကျွမ်းကျင်မှုနှင့် အရင်းအမြစ်များ ဖလှယ်မှုပြုစေခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပေါ်ပေါက်စေရန် လုပ်ဆောင်ပေးလျက်ရှိသည်။