23 ဧပြီ 2025 /

See today's Peace Related News

Homeအပတ်စဉ်သုံးသပ်ချက်သမ္မတ ထရန့် အဖက်တ်၊ မြန်မာ့မီဒီယာ အကျပ်အတည်းနှင့် ခြိမ်းခြောက်ခံနေရသော ပြည်သူလူထု၏ သတင်းသိခွင့် - အမှတ် ၁၆၆

သမ္မတ ထရန့် အဖက်တ်၊ မြန်မာ့မီဒီယာ အကျပ်အတည်းနှင့် ခြိမ်းခြောက်ခံနေရသော ပြည်သူလူထု၏ သတင်းသိခွင့် – အမှတ် ၁၆၆

နှစ်ပေါင်း (၈၀) ကျော်ကြာ မြန်မာပြည်သူလူထုနှင့် ရင်းနှီးလာခဲ့သည့် အမေရိကန်အသံ – မြန်မာ (VOA -Burmese) ၏ သတင်းထုတ်လုပ်မှုအစီအစဉ်များသည် ၂၀၂၅ ခုနှစ် မတ်လ ၁၆ ရက်ကစပြီး ရပ်နားသွားခဲ့ပြီဖြစ်သည်။ နောက်ထပ် အမေရိကန်အစိုးရ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် လည်ပတ်လာခဲ့သည့် အာအက်ဖ်အေ (Radio Free Asia – RFA) သည်လည်း လုပ်ငန်းများအားလုံး ရပ်တန့်ရမည့်အရေးနှင့် ရင်ဆိုင်နေရပါသည်။ သမ္မတဒေါ်နယ်ထရန့် ဦးဆောင် သည့် အမေရိကန်အစိုးရအဖွဲ့ ပြောင်းလဲလာပြီးနောက်ပိုင်း မြန်မာပြည်သူလူထု၏ သတင်းသိရှိပိုင်ခွင့်ကပ်ဘေးသည် ပိုမိုပီပြင်လာခဲ့ပြီ ဖြစ်သည်။

RFA ဥက္ကဌ၏ ကြေညာချက်တွင်တော့ “RFA အတွက် ထောက်ပံ့ငွေကို ရပ်စဲလိုက်တာဟာ သတင်းခေတ်ကြီးထဲမှာ သြဇာအာဏာအထိန်းအကွပ်မရှိ တိုးချဲ့ရမ်းကားနေတဲ့ တရုတ်ကွန်မြူနစ်ပါတီအပါအဝင် ကမ္ဘာပေါ်က အာဏာရှင်တွေနဲ့ အစိုးရဆိုးတွေကို ဆုလာဘ်လက် ဆောင်တစ်ခုပေးလိုက်တာပါပဲ” ဟု ပြောဆိုထားပါသည်။ ထို့အပြင် အမှန်တရားကိုသိရဖို့အတွက် စောင့်ကြည့်ဖတ်ရှုနေကြသည့် လူပေါင်းသန်း (၆၀) နီးပါးကို ဥပေက္ခာပြုပြီး သတင်းအမှန်များရရှိဖို့ အခွင့်အရေးဆုံးရှုံးစေခဲ့သလို အမေရိကန်ပြည်ထောင်စု၏ ရန်သူများကိုလည်း အကျိုးအမြတ်များ ရရှိသွားစေလိမ့်မည်ဟု ဆိုထားပါသည်။

မြန်မာပြည်သူလူထုအတွက်မူ ယနေ့အချိန်အထိ ခေတ်အဆက်ဆက်သော အာဏာရှင်အစိုးရများ၏ ဝါဒဖြန့် သတင်းများအကြား အောက်ခြေပြည်သူလူထုကအစ လူထုအလွှာအမျိုးမျိုးမှ သတင်းအကြောင်းအရာများကို ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ထုတ်လွှင့်တင်ဆက်ပေးခဲ့သည့် သတင်းဌာနကြီးနှစ်ခုကို လက်လွှတ်ဆုံးရှုံးကြရတော့မည် ဖြစ်သည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် VOA ၊ RFA နှင့်အတူ မြန်မာပြည်သူလူထု၏ သတင်းသိရှိခွင့်အတွက် လွတ်လပ်စွာရပ်တည်ဖော်ထုတ်နေကြသည့် သတင်းမီဒီယာများ၏ အကျပ်အတည်းကို လက်လှမ်းမီသမျှ လေ့လာတင်ပြသွားမည် ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်>>>

အာဆီယံဥက္ကဌ၏ ခြေလှမ်း၊ နိုင်ငံတဝှမ်း အထွေထွေထိုးစစ်နှင့် စစ်အုပ်စု ရွေးချယ်ရမည့် လမ်း – အမှတ် ၁၆၈

အာဆီယံ အလှည့်ကျဥက္ကဌဖြစ်သူ မလေးရှားဝန်ကြီးချုပ်၏ မြန်မာ့အရေးအတွက် ခြေလှမ်းများသည် ယခင့်ယခင် အလှည့်ကျဥက္ကဌများ၏ လုပ်ဆောင်ချက်များထက် ပိုမိုစိတ်ဝင်စားဖွယ်ကောင်းလှသည်။ (၄) နှစ်ကျော်ကြာသည်အထိ အလုပ်မဖြစ်ခဲ့သော အာဆီယံဘုံသဘောတူညီချက် (၅) ချက်” ကို ကျော်လွန်လာပြီလားဟုပင် တချို့က ယူဆကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်နှင့် တွေ့ဆုံမှုကို ဓာတ်ပုံနှင့်တကွ...

ပဋိပက္ခအတွင်းက ငလျင်ဒဏ်သင့်ပြည်သူများနှင့် အပစ်ရပ်ခြင်း၊ မရပ်ခြင်း ဝိရောဓိ – အမှတ် ၁၆၇

အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် အသက်လုနေကြရသည့် မြန်မာပြည်သူလူထုအပေါ် ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်ရက်သော အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်သည် စက်ဆုတ်ရွံရှာဖွယ်အတိ ဖြစ်သည်။ ငလျင်ဒဏ်ကြောင့် ထောင်နှင့်ချီသော သေဆုံးသူများ၊ ထိခိုက်ဒဏ်ရာရရှိသွားသူများနှင့် ပျောက်ဆုံးနေသူများအား ကယ်မခြင်း၊ ရှာဖွေခြင်းနှင့် ထောက်ကူခြင်းငှာ အဆောတလျင် လုပ်ဆောင်ခြင်းမပြုဘဲ ကနဦးထွက်ပေါ်လာသည့် သတင်းသည်ကား “နိုင်ငံတကာမီဒီယာများအား သတင်းရယူခွင့်...

တာဝန်ယူ၊ တာဝန်ခံရေးနှင့် ပသုံးလုံး ပြုပြင်ပြောင်းလဲရေး – အမှတ် ၁၆၅

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ဦးတည်လျှောက်လှမ်းနေကြသည့် နွေ‌ဦးတော်လှန်ရေးကာလအတွင်း ပသုံးလုံး၏ အပုတ်နံ့သည် နိုင်ငံတဝှမ်းလုံးတွင် ပျံ့လွင့်လာခဲ့ပြီဖြစ်သည်။ အနှီပသုံးလုံး၏ အပုတ်နံ့ပျံ့နှံ့လာခြင်းကို အလျင်အမြန် ရပ်တန့်နိုင်မှသာလျှင် နွေဦး တော်လှန်ရေး၏ ပွင့်ဖက်ပွင့်ချပ်များကို ဝင့်ကြွားထည်ဝါနိုင်စေလိမ့်မည်။ ထိုအတွက် ပသုံးလုံး ပြုပြင်ပြောင်းလဲရေးသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အတွက် စစ်ရေး၊ နိုင်ငံရေးနှင့် နိုင်ငံတကာအရေးကိစ္စများနည်းတူ...