30 ဇွန် 2025 /

See today's Peace Related News

Homeအပတ်စဉ်သုံးသပ်ချက်ဘုတလင်၊ စီပါရွာဖြစ်စဉ်နှင့် နိုင်ငံတဝှမ်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်များ - အမှတ် ၁၅၆

ဘုတလင်၊ စီပါရွာဖြစ်စဉ်နှင့် နိုင်ငံတဝှမ်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်များ – အမှတ် ၁၅၆

“အရူးပုလ္လင်အတွက် ဘုတလင်လိုဖြစ်ရပ်တွေ ထပ်ရှိရဦးမှာလား …”။

ဘုတလင်မြို့နယ် စီပါရွာမှ အရပ်သားပြည်သူ (၆) ဦး ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြုလုပ်သည့် “No more inhumanity in Myanmar” ခေါင်းစဉ်ဖြင့် ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုမှ ထိုသို့ မေးခွန်းထုတ်ထားပါသည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ လူမဆန်မှုများကို ပြည်သူလူထုတရပ်လုံးသာမက တော်လှန်ရေးအင်အားစုများကပါ မမေ့မလျော့ အမှတ်ရနေစေရန်နှင့် ယခုလိုလူသားမဆန်မှုများ ထပ်မံမဖြစ်ပွားစေရန်အတွက် တော်လှန်ရေးတာဝန်ကို အားသွန်ခွန်စိုက် ဆက်လက်ဆောင်ရွက်သွားနိုင်ကြစေရန်လည်း အသိပေးထားပါသည်။

ယခုတပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် ဘုတလင်မြို့နယ် စီပါရွာ အရပ်သားပြည်သူများ ရက်စက်စွာသတ်ဖြတ်ခံရမှုနှင့် မြန်မာနိုင်ငံအနှံ့အပြား (၅) ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့်ဖြစ်စဉ်များကို ဖြစ်စဉ်ဖြစ်ရပ်များ၊ အချက်အလက်များအခြေပြုကာ မှတ်တမ်းပြုတင်ပြသွားပါမည်။

ဆက်လက်ဖတ်ရှုရန်>>>