အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် အသက်လုနေကြရသည့် မြန်မာပြည်သူလူထုအပေါ် ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်ရက်သော အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်သည် စက်ဆုတ်ရွံရှာဖွယ်အတိ ဖြစ်သည်။ ငလျင်ဒဏ်ကြောင့် ထောင်နှင့်ချီသော သေဆုံးသူများ၊ ထိခိုက်ဒဏ်ရာရရှိသွားသူများနှင့် ပျောက်ဆုံးနေသူများအား ကယ်မခြင်း၊ ရှာဖွေခြင်းနှင့် ထောက်ကူခြင်းငှာ အဆောတလျင် လုပ်ဆောင်ခြင်းမပြုဘဲ ကနဦးထွက်ပေါ်လာသည့် သတင်းသည်ကား “နိုင်ငံတကာမီဒီယာများအား သတင်းရယူခွင့် တားမြစ်” ဟူသတည်း။
စစ်အာဏာသိမ်းကတည်းက မြန်မာနိုင်ငံတဝှမ်း ပြည်သူလူထုအပေါ် ကျူးလွန်ထားသည့် အကြမ်းဖက်လုပ်ရပ်မှန်သမျှကို သတင်းအမှောင်ချကာ ဖုံးဖိရန်ကြိုးစားနေသည့် အာဏာသိမ်းစစ်အုပ်စုသည် ယခုအခါတွင်လည်း ငလျင်ဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ဆောင်ကြမည့် နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများနှင့် ကမ္ဘာတဝှမ်း သတင်းအမှန်ရရှိရေး မြေပြင်ကွင်းဆင်းသတင်းရယူကြမည့် မီဒီယာများကို သတိကြီးစွာ ကိုင်တွယ်နေခြင်းဖြစ်ပါသည်။ ၎င်းတို့နှင့် ပနံသင့်သည့် တရုတ်၊ အိန္ဒိယ၊ ရုရှားစသော နိုင်ငံများအား အဆီးအတားမရှိ ဝင်နိုင်ထွက်နိုင်သော်လည်း ၎င်းတို့နှင့် အစေးမကပ်သည့် ပြည်တွင်း/ပြည်ပ အင်အားစုများကိုမူ ကန့်သတ်ခြင်း၊ တားမြစ်ခြင်းများ လုပ်ဆောင်လျက်ရှိပါသည်။
ယခုတပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် မြန်မာနိုင်ငံအတွင်းမှ ငလျင်ဒဏ်သင့်ပြည်သူများ၏ အခြေအနေများ၊ အရေးပေါ်အကူအညီရရှိရေး အခြေအနေများ၊ ကယ်မထောက်ကူနိုင်ရေး ကြိုးပမ်းနေကြသူများ၊ စစ်အုပ်စု၏ လုပ်ဆောင်ချက်များ၊ ပြည်တွင်း/ပြည်ပ အကူအညီများနှင့် စစ်ရေးအရ အပစ်ရပ်ခြင်း၊ မရပ်ခြင်းများအကြောင်းကို လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။
ဆက်လက်ဖတ်ရှုရန်>>>