27 ဇွန် 2025 /

See today's Peace Related News

Homeအပတ်စဉ်သုံးသပ်ချက်တအာင်းပြည်ကောင်စီဖွဲ့စည်းခြင်း၊ တအာင်းတော်လှန်ရေးအရွေ့နှင့် PSLF/TNLA ၏ အခန်းကဏ္ဍ - အမှတ် ၁၇၂

တအာင်းပြည်ကောင်စီဖွဲ့စည်းခြင်း၊ တအာင်းတော်လှန်ရေးအရွေ့နှင့် PSLF/TNLA ၏ အခန်းကဏ္ဍ – အမှတ် ၁၇၂

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်မှန်သမျှ ချုပ်ငြိမ်းရေးသို့ ဦးတည်လျှောက်လှမ်းလာခဲ့သည့် နွေဦးတော်လှန်ရေးကာလအတွင်း အစဉ်တစိုက်ပါဝင်လာခဲ့သော တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) ကို တအာင်းပြည်ကောင်စီ (TLC) အဖြစ် ပြောင်းလဲဖွဲ့စည်းကာ တအာင်းပြည်တော်လှန်ရေးကာလအတွင်း အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းအဖြစ် အဆင့်မြှင့်တင်လိုက်ပြီဖြစ်သည်။ လာမည့်ခြောက်လအတွင်း အာဏာသိမ်းစစ်ကောင်စီကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့သည့်နယ်မြေများကို အခြေခံပြီး တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ်ကို ဆက်လက်ဖွဲ့စည်းသွားမည်ဟုလည်း ဆိုပါသည်။ ထို့အပြင် မြန်မာပြည်တဝှမ်းရှိ တော်လှန်ရေးအင်အားစုများနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်နိုင်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း သဘောထားထုတ်ပြန်ထားပါသည်။

ယခုတပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် တအာင်းပြည်ကောင်စီဖွဲ့စည်းခြင်း၊ တအာင်းတော်လှန်ရေးအရွေ့နှင့် PSLF/TNLA ၏ အခန်းကဏ္ဍကို လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။

ပိုမိုဖတ်ရှုရန် ဒေါင်းလုပ်ကူးယူပါ>>>