၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၊ စစ်အာဏာသိမ်းချိန်မှစပြီး အာဏာသိမ်းစစ်ကောင်စီကို တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ (ERO) များအပါအဝင်၊ မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF-LDF) မှ နည်းမျိုးစုံဖြင့် လက်နက်ကိုင် တော်လှန်လျက်ရှိကြသည်။ စစ်ကောင်စီဘက်က ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းမျိုးစုံသုံးကာ တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
စစ်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းနှင့် ဒုတိယလှိုင်းနောက်ပိုင်းတွင် နယ်မြေတွေ ဆုံးရှုံးမှုများလာသည့်အလျောက် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုအသုံးပြုလာသည်ကို တွေ့မြင်ရသည်။ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်များတွင် အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာ၊ မြို့ပြများအပြင် တော်လှန်ရေးအင်အားစုများဘက်မှ ဖမ်းဆီးရရှိထားသည့် စစ်ကောင်စီတပ်သားများ (ဝါ) စစ်သုံ့ပန်းများထားရှိရာ အကျဉ်းစခန်းများလည်း လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခံနေရပါသည်။
ယခုတပါတ် BNI-Myanmar Peace Monitor ၏ အပါတ်စဉ် သတင်းသုံးသပ်တင်ပြချက်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များတွင် စစ်သုံ့ပန်းများအပေါ် ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှု အကြောင်းအရာကို လေ့လာတင်ပြသွားမည်ဖြစ်ပါသည်။
ဆက်လက်ဖတ်ရှုရန်>>>