27 ဇွန် 2025 /

See today's Peace Related News

Homeအပတ်စဉ်သုံးသပ်ချက်စစ်ကောင်စီတပ်၏ အလိမ်အညာအပစ်ရပ်ခြင်းနှင့် ပြည်သူလူထုအပေါ် ခြိမ်းခြောက်နေဆဲ လေကြောင်းရန် - အမှတ် ၁၆၉

စစ်ကောင်စီတပ်၏ အလိမ်အညာအပစ်ရပ်ခြင်းနှင့် ပြည်သူလူထုအပေါ် ခြိမ်းခြောက်နေဆဲ လေကြောင်းရန် – အမှတ် ၁၆၉

သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်သည် အရပ်သားပြည်သူ ရာနှင့်ချီ သေဆုံးခဲ့ရသည့် ပဇီကြီးဖြစ်စဉ်ကို အမှတ်ရစေသည်။ “ကြွက်မနိုင် ကျီမီးနဲ့ရှို့” ဆိုသည့်စကားလို အာဏာသိမ်းစစ်အုပ်စုသည် လက်နက်ကိုင် တော်လှန်ရေးအင်အားစုများအား အရှုံးကြီးရှုံးနေရခြင်းကြောင့် လက်နက်မဲ့ အရပ်သားပြည်သူများကို လေကြောင်းကတဆင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အင်အားပြင်းငလျင်လှုပ်ခဲ့မှုအား အကြောင်းပြုပြီး တိုင်းသိပြည်သိ ကမ္ဘာသိအောင် “အပစ်ရပ်ကြောင်း” ကြေညာထားသည့်တိုင် စစ်အုပ်စု၏ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများကမူ တစ်ရက်မျှ ရပ်တန့်ခဲ့ခြင်းမရှိပေ။ အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းရန်သည် အရပ်သားပြည်သူများအပေါ် ကြီးမားစွာ ခြိမ်းခြောက်နေဆဲဖြစ်ပါသည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်နှင့် စစ်အုပ်စု၏ အလိမ်အညာအပစ်ရပ်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များကို လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။

ပိုမိုဖတ်ရှုရန် ဒေါင်းလုပ်ကူးယူပါ>>>