သရက်ချောင်းမြို့နယ်အတွင်း ဒေသခံအရပ်သား ၈ ဦးအား စစ်ကောင်စီတပ် ဖမ်းဆီးနှိပ်စက်

0
299

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာနှင့် ရငဲရွာကနေ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ဒေသခံ ၈ ဦးကို ရိုက်နက်ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်ဆောင်နေကြောင်း ဒေသခံများက သံလွင်တိုင်းမ်ကို ပြောပါသည်။

တပ်အင်အား ၅၀ ကျော်ပါသော စစ်ကောင်စီစစ်ကြောင်းဟာ မေ ၈ ရက်နေ့ နံနက်ပိုင်း ဝဲရစ်ကျေးရွာထဲ ဝင်ရောက်လာပြီးနောက် ဒေသခံရွာသားများဖြစ်ကြသည့် ကိုမျိုးမြင့်လေးနှင့် ကိုကမ်းကမ်းတို့ကို ဖမ်းဆီးသွားခဲ့ပါသည်။

ထို့နောက် စစ်ကောင်စီစစ်ကြောင်းဟာ မေ ၉ ရက်နေ့ နံနက်ပိုင်းမှာလည်း ရငဲကျေးရွာထဲ ထပ်မံဝင်ရောက်လာပြီး ဒေသခံရွာသား ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

စစ်ကောင်စီတပ်ဟာ ၎င်းတို့၄င်ဖမ်ဆီးသွားသောဒေသခံ ၈ ဦးကို ကမြိုင်ကျေးရွာမှာ ယာယီတပ်စွဲပြီးနောက် ရိုက်နှက်စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောပါသည်။

ဖမ်းဆီးခံရသူများဟာ ရိုက်နှက်စစ်ဆေးမေးမြန်းခံရတာကြောင့် ဦးခေါင်း၊ ခြေလက်နှင့် ခန္ဓာကိုယ်တွေမှာ အညိုမဲစွဲဒဏ်ရာများရရှိထားပြီး မိသားစုဝင်တွေကလည်း ၎င်းတို့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေကြောင်း သိရပါသည်။

လက်ရှိမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးထားတာကြောင့် ဝဲရစ်၊ ရငဲ၊ ကျောက်ခမောက်၊ ကျွဲမင်းကုန်းနှင့် ကမြိုင်ရွာတွေက ဒေသခံများဟာ ရွာလုံးကျွတ်ထွက်ပြေးတိမ်ရှောင်မှုတွေ ရှိနေတာဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလကလည်း ဝဲရစ်နှင့် ရငဲရွာတို့က ဒေသခံ ၁၀၀ ကျော်ကို စစ်ကောင်စီတပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးစဉ် လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ၂ ရက်အကြာမှာ ပြန်လွှတ်ပေးခဲ့ပါသည်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here