လောင်းလုံးတိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးရှိ

0
116
Photo - CJ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စမ်းလှမ်းရွာနှင့် နောက်ပြင်ကျေးရွာအကြားတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့ မနက်ပိုင်းက လက်ခတ်တောင်ဘက်ကနေ ပြန်ဆင်းလာသော အင်အား ၄၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာက နှစ်ဖက်အကြား တိုက်ပွဲဖြစ်ပွားချိန် ၄ နာရီနီးပါးကြာ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တို့၏ ပြောဆိုချက်အရ ကြားဖြတ်တိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းသည် အအေးခန်းစက်ရုံများကို အကာအကွယ်ယူပြီး ပြန်ဆုတ်သွားကာ ထိုကတဆင့် လောင်းလုံးမြို့ပေါ်ကို ပြန်တက်သွားသည်ဟု ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးနီးပါး ထိခိုက်သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ကြားဖြတ်တိုက်ခိုက်ခံရသော စစ်ကောင်စစ်ကြောင်းဟာ ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်နေ့ကတည်းက လောင်းလုံးမြို့ပေါ်ကနေ လက်ခတ်တောင် ယင်းကတဆင့် စမ်းလှမ်းကျေးရွာထဲ ဝင်ရောက်လာပြီးနောက် ဒေသခံနေအိမ်များက တန်ဖိုးရှိပစ္စည်းတို့ကို ဖောက်ထွင်းယူဆောင်သွားသည့် စစ်ကြောင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလနောက်ဆုံးအပတ်ကလည်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာ၌ နှစ်ဖက်တပ်ကြား တိုက်ပွဲ ၅ ရက်အကြာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၀ ကျော် သေဆုံးခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here