လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများ အရေးပေါ်ထောက်ပို့ကူညီဖို့ CDF-ကန်ပက်လက် တောင်းဆို

0
394
ပုံစာ - CDF-ကန်ပက်လက် တပ်ဖွဲ့ဝင်များ။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ ယာဉ်တန်း၊ စစ်ကြောင်းများကို တိုက်ခိုက်ချေမှုန်းနိုင်ရေးအတွက် လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများ အရေးပေါ်လိုအပ်နေ၍ အမြန်ဆုံး ထောက်ပို့ကူညီရန် ပြည်တွင်း/ပြည်ပရှိ ပြည်သူများကို ချင်းကာကွယ်ရေးတပ်-ကန်ပက်လက်က တိုက်တွန်းလိုက်သည်။

စစ်ကောင်စီသည် စစ်ကြောင်း ၂ ကြောင်းခွဲထားပြီး ဇူလိုင်လ ၁၆ ရက်မှ စတင်၍ မကွေးတိုင်း၊ လောင်းရှည်မှ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ သံချုပ်ကာကား (၂) စီး၊ JCV ကားတစ်စီး၊ စစ်ကား ၂၀ ကျော်၊ စစ်အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေသည်ဟု ချင်းကာကွယ်ရေးတပ်က ပြောဆိုသည်။

ယင်းအပြင် စစ်ကြောင်းနောက်တစ်ခုသည် ဇူလိုင် ၁၉ ရက်မှ စတင်၍ မကွေးတိုင်း၊ ဆောမြို့မှ ကန်ပက်လက် မြို့သို့ အင်အား ၁၇၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေပြီး ဆော – ကန်ပက်လက်သည် ၁၂ မိုင်သာ ကွားဝေ၍ အချိန်မရွေး တိုက်ပွဲ ပြင်ထန်းနိုင်ကြောင်း CDF – ကန်ပက်လက်က စစ်ရေးတာဝန်ရှိသူများက ပြောသည်။

“ပြည်တွင်းပြည်ပ အလှူရှင်များနဲ့ နိုင်ငံတကာရောက် ချင်းပြည်သူများကရော ကျမတို့ ရဲဘော်တွေ ပေးဆပ်တာနဲ့ ထိုက်တန်အောင် ပံ့ပိုးပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ အခုက ရဲဘော်တွေနည်းတူ စစ်ရှောင်ပြည်သူတွေလည်း ဖျားနာတာတွေနဲ့ ဒုက္ခရောက်နေကြတယ်” ဟု CDF – ကန်ပက်လက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇူလိုင် ၁၄ ရက်မှ ၁၉ ရက် အထိ လောင်းရှည်- ကျင်ဒွေးသို့ စစ်ကြောင်းထိုးလာသော ယာဉ်တန်းနှင့် စစ်ကြောင်းကို ချင်းကာကွယ်ရေးတပ်များနှင့် ပြည်သူကာကွယ်ရေးတပ်တို့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံးပြီး ထိခိုက်ဒဏ်ရာ အများအပြား ရရှိသွားကြောင်း သိရသည်။

အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် ဇူလိုင် ၁၈ ရက်က တိုက်လေယာဉ် ၅ စီးဖြင့် အကြိမ် ၂၀ ထက်မနည်း မဆာတွီကျေးရွာကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်ခဲ့ရာ BCM ဘုရားကျောင်းအပါအဝင် လူနေအိမ် ၇ လုံး ပျက်စီးခဲ့သည်ဟု သိရသည်။

လောင်းရှည်- ကျင်ဒွေးကြားက တိုက်ပွဲများအတွင်း ချင်းကာကွယ်ရေး ပူးပေါင်းတပ်က ရဲဘော် ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ မစိုးရိမ်ရဒဏ်ရာ ရရှိထားသည်ဟု သိရသည်။

ချင်း- မကွေး အစပ်ရှိ အရပ်သားပြည်သူ ၃၀၀၀ နီးပါးခန် စစ်ဘေးရှောင်နေရပြီး ၎င်းတို့ထဲမှ ၂၀၀၀ နီးပါးသည် ကန်ပက်လက်မြို့နယ်အတွင်း စစ်ဘေးရှောင်နေရပြီး စစ်ရှောင်တချို့ ဖျားနာနေသောကြောင့် ဆေးဝါး အကူအညီများ လိုအပ်နေကြောင်း၊ စားနပ်ရိက္ခာနှင့် အမိုးအကာများလည်း လိုအပ်နေကြောင်း သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here