ရခိုင်ပြည်၊ မြောက်ဦးမြိုနယ်၌ ၂၀၁၉ ခုနှစ် စစ်ရေးကာလကပင် နေရပ်စွန့်ခွာထွက်ပြေးပြီး စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသူများသည် စားနပ်ရိက္ခာပြတ်လပ်ပြီး အငတ်ဘေးဆိုက်မည့်အရေးနှင့် ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း သိရသည်။
လက်ရှိစစ်ရေးကာလတွင် NGO၊ INGO နှင့် လူမှုကူညီရေး အဖွဲအစည်းများထံမှ အကူအညီအထောက်အပံ့ ရရှိမှု လုံးဝ ပြတ်တောက်နေသဖြင့် လာမည့်ကာလအတွင်း အငတ်ဘေးနှင့် ကြုံရနိုင်ကြောင်း စစ်ဘေးရှောင်များက ပြောသည်။
“ကူညီထောက်ပံ့မှုက လုံးဝမရတော့တဲ့ အခြေအနေ ဖြစ်နေတယ်။ အလုပ်ထွက်လုပ်မယ်ဆိုလည်း ဘာအလုပ်မှကို မရှိဘူး။ ရှိတာလေးတွေကို ရောင်းချ၊ အတိုးနဲ့ ငွေချေးပြီးတော့ စားနေကြရတာ။ ဒီလိုသာ ရှေ့ဆက်မယ်ဆို မကြာခင် အငတ်ဘေးနဲ့ ကြုံရနိုင်တယ်” ဟု မြောက်ဦးမြို၊ မြတန်ဆောင်း စစ်ဘေးရှောင်စခန်းမှ ဒေါ်လှအေးစိုးက ပြောသည်။
နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာအဖွဲများကို စစ်ကောင်စီက ကန့်သတ်ပိတ်ဆိုထားတာကြောင့် စစ်ဘေးရှောင်များသည် စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရခြင်း ဖြစ်သည်။
စစ်ဘေးရှောင်များအား လစဉ်ထောက်ပံ့ပေးနေသည့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ (WFP) ထံမှ ကူညီထောက်ပံ့မှု မရရှိသည်မှာ သုံးလကျော်အထိ ရှိလာပြီဟု စစ်ဘေးရှောင်များက ပြောသည်။
“WFP ထောက်ပံ့မှုမရတာ သုံးလကျော် ရှိပြီ။ မြိုပေါ်က စစ်ဘေးရှောင်တွေပဲ ရတယ်လို ကြားတယ်။ ကျနော်တို့လို နယ်ဘက်က စစ်ဘေးရှောင်တွေက လုံးဝမရဘူး။ တခြားအဖွဲတွေရဲ့ ထောက်ပံ့မှုတွေလည်း မရှိဘူး” ဟု စမ်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ အမျိုးသားတစ်ဦးက ပြောသည်။
ဒေသတွင်း လူမှုကူညီရေးအဖွဲများမှာလည်း စစ်ဘေးရှောင်များအား ထောက်ပံ့ကူညီရန် စိန်ခေါ်မှုများ ရှိနေသည်ဟု ဆိုသည်။ စစ်ရေးကာလ ဖြစ်နေ၍ လူမစုစည်းနိုင်ခြင်း၊ ရန်ပုံငွေ ရှာမရခြင်း၊ နိုင်ငံတကာအဖွဲများနှင့် မချိတ်ဆက်နိုင်ခြင်း စသည့် အခက်အခဲများ ရှိနေကြခြင်းဖြစ်ကြောင်း သိရသည်။
မြောက်ဦးမြိုနယ်တွင် စစ်ဘေးရှောင်စခန်း ၂၈ ခု ရှိပြီး မြောက်ဦးမြိုပေါ်၌ စခန်း ၁၃ ခု ရှိပြီး ကျန်စခန်းများမှာ ကျေးလက်ဒေသများတွင် တည်ရှိသည်။ ထိုကျေးလက်စစ်ရှောင်စခန်းများရှိ စစ်ဘေးရှောင်များမှာ ၂၀၁၉ ခုနှစ်က စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) အကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသူများ ဖြစ်သည်။
မြောက်ဦးမြိုပေါ်ရှိ စစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှောင်များသည်လည်း လက်ရှိမြိုသိမ်းတိုက်ပွဲကြောင့် ဘေးလွတ်ရာ ကျေးလက်ဒေသများသို ထပ်မံထွက်ပြေးနေကြရပြီး ယခုကဲ့သို ပူပြင်းသည့်နွေကာလတွင် ပို၍ အခက်အခဲကြုံရကြောင်း ပြောဆိုကြသည်။
“အပူချိန် တအားမြင့်နေတော့ ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေအတွက် စိုးရိမ်ရတယ်။ ကျနော်တို့ကတော့ စခန်းကလူတွေ အရေးပေါ် ကျန်းမာရေးကိစ္စအတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားတယ်” ဟု မြောက်ဦးမြို့ တိမ်ညိုစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးစိုးနိုင်က ပြောဆိုသည်။
အပူပြင်းဆုံးရာသီ ဝင်လာပြီဖြစ်၍ ရခိုင်ကအိုးအိမ်စွန့်ခွာနေကြသူ စစ်ဘေးရှောင်များမှာ သောက်သုံးရေ ရှားပါးမှုဒဏ်ကို ရင်ဆိုင်နေကြရပြီး လေပြင်းမုန်တိုင်းရာသီအမီ အမိုးအကာထောက်ပံ့ပေးရန် အရေးတကြီး လိုအပ်နေကြောင်း ကုလသမဂ္ဂမှ ထုတ်ပြန်ထားသည်။
လက်ရှိတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများမှာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး၊ သောက်သုံးရေ စသည့် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိနေသည်။
အောင်ထိန် (DMG) ပေးပို့သည်။