တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာအုပ်စုထဲသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း တော်လှရေးအင်အားစုများ၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုဝင်ဘာ ၁၅ ရက်နေ့ မနက် ၈ နာရီခွဲခန့်တွင် အင်အား ၁၀၀ နီးပါးပါသော စစ်ကောင်စီစစ်ကြောင်းကို ဒေသပြည်သူ့ကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့ဝင်များက မွေ့ရှောင်ကျေးရွာတံတားအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၅ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တနင်္သာရီ ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ ရှေ့ဆက်မတိုးဘဲ မွှေ့ရှောင်တံတား အနီးဝန်းကျင်မှာပဲ ဆက်လက်တပ်စွဲထားခြင်းကြောင့် နှစ်ဖက်စစ်ဆေးရေး တင်းမာနေသည်ဟု ၎င်းက ဆက်ပြောပါသည်။
တော်လှန်ရေးအင်အားစုများသည် တနင်္သာရီ၊ မြိတ်နှင့် ကျွန်းစုမြို့နယ်တို့တွင် စစ်ရေးအရှိန် တိုးမြှင့်သွားမှာ ဖြစ်ခြင်းကြောင့် ပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန်လည်း တိုက်တွန်ထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း ကျွန်းစုမြို့နယ်ထဲတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင် နေကြရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။