30 ဇွန် 2025 /

See today's Peace Related News

Homeသတင်းမတူပီ CDF နှစ်ဖွဲ့ ပြန်လည်သင့်မြတ်ရေး တွေ့ဆုံညှိနှိုင်းရာတွင် အချက် ၈ ချက် သဘောတူညီမှုရရှိ

မတူပီ CDF နှစ်ဖွဲ့ ပြန်လည်သင့်မြတ်ရေး တွေ့ဆုံညှိနှိုင်းရာတွင် အချက် ၈ ချက် သဘောတူညီမှုရရှိ

ချင်းပြည်နယ်၊ မတူပီမြို့နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့နှစ်ဖွဲ့တို့ ပြန်လည်သင့်မြတ်ရေးအတွက် ရပ်မိ/ရပ်ဖများက တွေ့ဆုံညှိနှိုင်းပေးရာတွင် သဘောတူညီချက် ၈ ချက် ရရှိခဲ့ကြောင်း သိရသည်။

မတူပီတော်လှန်ရေးအဖွဲ့ချုပ် – MRO/ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ၊ CDF – မတူပီ၊ တပ်မဟာ ၂ နှင့် Matu Chin Ministry Fellowship (MCMF) ငြိမ်းချမ်းရေးကော်မတီ ရပ်မိ/ရပ်ဖတို့သည် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီးနောက် အချက် ၈ ချက်ကို မေလ ၁၀ ရက်က သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

မတူပီမြို့နယ်အတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ပြည်သူနှင့်ပတ်သက်သော ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး၊ အုပ်ချုပ်ရေးဆိုင်ရာများကို လွတ်လပ်စွာ သွားလာခွင့်ပြုမည်၊ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းကို ခိုင်ခံ့တည်မြဲရေးအတွက် ကော်မတီတရပ်ဖွဲ့စည်းမည်ဟု သဘောတူခဲ့ကြောင်းသိရသည်။

ပြည်သူလူထုတို့ မိမိနေရာ၊ ရပ်ရွာဒေသကို လွတ်လပ်စွာသွားလာခွင့်၊ နေထိုင်ခွင့်ပြုမည်ဖြစ်ပြီး ငလိုင်ကျေးရွာ၏ မိုင်းများကို နှစ်ဦးနှစ်ဖက်ပူးပေါင်းဆွေးနွေးကာ ဇွန်လ ၁၀ ရက် နောက်ဆုံးထား မိုင်းရှင်းလင်းရန်နှင့် လူထုဝင်ရောက်နေထိုင်နိုင်ရေး ဆောင်ရွက်ရန်လည်း သဘောတူခဲ့ကြသည်။

NGO၊ INGO များက စစ်ဘေးဘေးရှောင် (IDP) များအား ထောက်ပံ့ခြင်းကို လွတ်လပ်စွာ သွားလာခွင့်ပြုမည်ဖြစ်ပြီး အရပ်သားပြည်သူများကို အတားအဆီးမရှိ လွတ်လပ်စွာ သွားလာခွင့်ပြုမည်ဖြစ်ကြောင်းနှင့် Non – CDM နှင့် ဒလန်များကိုမူ ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

လက်နက်ဖြင့် အချင်းချင်းပစ်ခတ်တုန့်ပြန်ခြင်း မပြုလုပ်ရန်နှင့် နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးကို လိုလားကြောင်း သဘောတူခဲ့ကြပြီး နှစ်ဖက်ကာကွယ်ရေးဆိုင်ရာဆောင်ရွက်ရန် ကိစ္စရပ်တို့ကို နှစ်ဦးနှစ်ဖက်ညှိနှိုင်း၍ အချင်းချင်း လေးစားစွာဆောင်ရွက်သွားမည်ဟု သဘောတူညီချက်ရရှိခဲ့ကြောင်း သိရသည်။

နှစ်ဖက်အင်အားစုများအကြား လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး ထိပါးစေသော အသုံးအနှုန်း အပြောအဆိုများ ရှောင်ရှားကြမည်ဟု သဘောတူခဲ့ကြကြောင်း သိရသည်။

ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီသည် နိုင်ငံရေးနှင့် စစ်ရေး သဘောထားကွဲလွဲမှုကြောင့် ၂၀၂၄ ခုနှစ် မတ်လက CDF – မတူပီ၊ တပ်မဟာ – ၁ နှင့် CDF – မတူပီ၊ တပ်မဟာ – ၂ ဟူ၍ ကွဲသွားပြီး မတူပီ မြို့သိမ်းတိုက်ပွဲတွင် အချင်းချင်းအပြန်အလှန် ပစ်ခတ်မှုအထိဖြစ်ပွားခဲ့ကာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးမှုရှိခဲ့သည်။

KMG ပေးပို့သည်။