ပလမြို့မရဲစခန်း ဒရုန်းနှင့်တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး

0
163
Photo - မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ ပလမြို့မရဲစခန်း ဒရုန်းနှင့်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ကြောင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံက သိရသည်။

ဧပြီ ၁၁ ရက် ညနေ ၆ နာရီခန့်က စစ်ကောင်စီလက်အောက်ခံ ပလမြို့မရဲစခန်းကို ပုလောပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ T2 Special Drone Force က ဒရုန်းနှင့် ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ပလမြို့ရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့သည်ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

ပလမြို့မရဲစခန်းတိုက်ခိုက်မှု စစ်ဆင်ရေးကို မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းရှိ အမျိုးသမီးရဲဘော် ဒရုန်းတပ်ဖွဲ့များ ကိုယ်တိုင်ပါဝင်ဆင်နွှဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ပုလောမြို့နယ်အတွင်းရှိ ပြည်သူများအနေနှင့် စစ်ရေးသတိရှိကြရန်နှင့် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် နေရာများနှင့် နီးနီးကပ်ကပ်နေထိုင်ခြင်း မပြုကြရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဧပြီ ၈ ရက်နေ့ကလည်း ပလမြို့၊ ဇာဒီရပ် ဝါးကျောင်းအနီး စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here