ထီးလင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ပစ်ခတ်နေလို့ ပြည်သူများထွက်ပြေးနေရ

0
250
ပုံစာ - စစ်ဘေးရှောင်သက်ကြီးတချိူ့။ (Photo- Social Media)

မကွေးတိုင်း၊ ထီးလင်းမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ် လေယာဉ်နဲ့ ပစ်ခတ်နေတာကြောင့် ပြည်သူ ၁၅၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့ကစတင်ပြီး ထီးလင်းမြို့၌ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်များကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံမှ သိရသည်။

စစ်ကောင်စီတပ်များသည် မြေပြင်တိုက်ပွဲတွင် အထိနာနေတာကြောင့် ထီးလင်းမြို့နယ်ကို ဒီဇင်ဘာလ ၄ ရက်နေ့က စပြီး ဒီဇင်ဘာလ ၆ ရက်နေ့ အထိ လေကြောင်းကနေ တနေကုန်နီးပါး ပစ်ခတ်တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောသည်။

ဒါ့အပြင် ထီးလင်းမြို့နယ်ကို ဒီဇင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းကစပြီး နေ့လည် ၁ နာရီ ဝန်းကျင်အထိ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာကြောင့် စစ်ရှောင်ပြည်သူများ အခက်အခဲကြုံနေရတယ်လို့ ၎င်းတို့ထံမှ သိရသည်။

ထီးလင်းမြို့နယ်ကို ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းမှာ ဂန့်ဂေါမြို့နယ် ကျောမြို့အနောက်ဘက်က ထွက်ခွာလာတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေထံမှ သိရသည်။

ထီးလင်းမြို့နယ် ရေမျက်နီ စစ်ကောင်စီရဲစခန်းသိမ်းတိုက်ပွဲတွင် ရက္ခိုင့်တပ်တော် AA က ဝင်ရောက်တိုက်ခိုက် နေတယ်လို့ ဒီဇင်ဘာလ ၆ ရက်နေ့က အသိပေးထားသည်ကိုလည်း တွေ့ရသည်။

ယောဒေသမှာ အောက်တိုဘာလတည်းက တိုက်ပွဲများ ပြင်းထန်နေတာဖြစ်ပြီး ဂန့်ဂေါ၊ မင်းရွာရဲစခန်းကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သိမ်းပိုက်ထားကြောင်း သိရှိရပါသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here