တီးတိန်မြို့တွင် အသက်မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်က မုဒိမ်းပြုကျင့်

0
138
Photo – Social Media

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် စီးယင်းဒေသ မွှောလ်ပီးကျေးရွာက အသက်မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က မုဒိမ်းပြုကျင့်မှု ဇူလိုင်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကလေးမြို့မှ စစ်ကား ၆ စီးဖြင့် ချင်းတောင်သို့ တက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် စီးယင်းဒေသ မွှောလ်ပီးကျေးရွာသို့ ဇူလိုင်လ ၅ ရက်နေ့ မနက်ပိုင်းတွင် ရောက်ရှိလာကြပြီး ကျေးရွာထဲက အသက် ၁၃ နှစ်အရွယ်ခန့်ရှိ အမျိုးသမီးငယ်တစ်ဦးကို စစ်ကောင်စီတပ်သား ၂ ဦးက မုဒိမ်းပြုကျင့်ခဲ့သည်ဟု CDF CDM Siyin တပ်ဖွဲ့က ဇူလိုင်လ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ပြောသည်။

စစ်ကောင်စီတပ်သား ၂ ဦးသည် အဆိုပါအမျိုးသမီးငယ်၏ နေအိမ်သို့ ဝင်ရောက်ကာ မီးဖိုချောင်ထဲ၌ ထမင်းဟင်းချက်ရန် ပြင်နေသော မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု CDF CDM Siyin က ဆိုသည်။

အဆိုပါ အဓမ္မပြုကျင့်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံပြည်သူများက စစ်ကြောင်းနှင့်သက်ဆိုင်သော စစ်ကောင်စီတာဝန်ရှိသူထံ သွားရောက်တိုင်တန်းခဲ့ကြရာမှာ ငွေကြေးဖြင့်ဖြေရှင်းပေးမည်ဟု စစ်ကောင်စီဘက်က ပြောကြားခဲ့သည်ဟု သိရသည်။

မွှောလ်ပီးကျေးရွာသို့ ရောက်ရှိနေသာ စစ်ကောင်စီတပ်ဖွဲ့များသည် ကျေးရွာထဲက ကလေးအမေတစ်ဦးနှင့် အသက် ၁၃ နှစ်ခန့် အရွယ်ရှိသည့် မိန်းကလေးငယ်တစ်ဦးကိုလည်း အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သော်လည်း ရုန်းထွက်လွတ်မြောက်နိုင်ခဲ့ကြသည်ဟု CDF CDM Siyin ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အပြင်းထန်ဆုံး ပြန်လည်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နစ်နာသူ၏ အနာဂတ် လုံခြုံမှုမှအစ အစစအရာရာကို တာဝန်ယူသွားမည်ဖြစ်ကြောင်း CDF CDM Siyin ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က တီးတိန်မြို့နယ် စီးယင်းဒေသရှိ အာလွယ်ကျေးရွာက လင်သားရှိ အမျိုးသမီးတစ်ဦးကို အတင်းအဓမ္မ ပြုကျင့်ခဲ့မှု ဖြစ်ပွားခဲ့သေးသည်။

KMG ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here