တနင်္သာရီ၊ လယ်တောင်ယာကျေးရွာထဲ လက်နက်ကြီးကျလို့ ဒေသခံအမျိုးသမီး ၁ ဦးသေဆုံး

0
177
Photo - CJ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ လယ်တောင်ယာကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး ၁ ဦး သေဆုံးသွားသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

မတ် ၂၇ ရက်နေ့ မနက် ၈ နာရီခွဲခန့်က လက်တောင်ယာကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ ကျေးရွာထဲ လက်နက်ကြီးနှင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်၌ရှိနေသည့် အသက် ၅၆ နှစ်အရွယ် ဒေါ်ကင်း၏ ညာဘက် နံရိုးအောက်နှင့် လက်ချောင်းများတွင် မိုင်းစဖောက်ဝင်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်းသည့်အတွက် ဒေါ်ကင်းကို တနင်္သာရီဆေးရုံကနေ တဆင့် မြိတ်ဆေးရုံသို့ ပြောင်းရွှေ့ကုသစဉ် ထိုနေ့ညပိုင်း၌ သေဆုံးသွားကြောင်း ဒေသခံများက ပြောပါသည်။

လယ်တောင်ယာကျေးရွာထဲသို့ စစ်ကောင်စီတပ်က မကြာခဏ လက်နက်ကြီးပစ်ခတ်နေမှုကြောင့် လူနေအိမ်နှင့် ဥယျာဉ်ခြံများ ထိခိုက်ပျက်စီးမှု ရှိနေပြီး ဒေသခံများလည်း လုပ်ငန်းခွင်ထဲ သွားရောက်ရန် စိုးရိမ်ပူပန်မှုများ ရှိနေကြကြောင်း ပြောဆိုကြသည်။

ပြီးခဲ့သည့် မတ် ၁၄ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် လယ်တောင်ယာကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် Non CDM သူနာပြုဝန်ထမ်း လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here