တနင်္သာရီ ပြည်ကြီးမဏ္ဍိုင်မြို့ စရဖရုံးကို ဒေသခံ PDF ဝင်ရောက်တိုက်ခိုက်

0
505
ဓာတ်ပုံ - ဘုတ်ပြင်း ပကဖ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စစ်ကောင်စီ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖရုံး) ဝင်ရောက်တိုက်ခိုက်မှုတွင် ကင်းစောင့်နေသည့် ပြည်သူ့စစ်တစ်ဦး သေဆုံးပြီး သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေ ၄ ရက်နေ့မှာ ထုတ်ပြန်ပါသည်။

စစ်ကောင်စီ စရဖရုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်းနှင့်Flying star ဘုတ်ပြင်း ပကဖအဖွဲ့က မေ ၂ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ကင်းစောင့်နေသေည စစ်ကောင်စီသြဇာခံ ပြည်သူ့စစ်အဖွဲ့နှင့် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု အချိန်မိနစ် ၂၀ နီးပါးအကြာ ဖြစ်ပွားခဲ့ပါသည်။

တိုက်ခိုက်မှုပြီးနောက် ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ပြည်သူစစ်ခေါင်းဆောင် ဦးဌေးဝင်းကို နေအိမ်အတွင်း ဝင်ရောက်စီးနင်းစဉ် ထွက်ပြေးလွတ်မြောက်သွားသည့်အတွက် သေနတ်တစ်လက်နှင့် ကျည်ဆံအချို့ သိမ်းဆည်းရမိခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါသည်။

စရဖရုံးတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်ကနေ လက်နက်ကြီးနှင့်ပစ်ခတ်တာတွေရှိခဲ့သော်လည်း ပူးပေါင်းအဖွဲ့က ထိခိုက်တာမရှိခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် (ပကဖ) ထံမှ သိရပါသည်။

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စစ်ကောင်စီစရဖရုံးဟာ စစ်တပ်အာဏာသိမ်းသည့် ၂ နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ပါသည်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here