တစ်နှစ်အတွင်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပေါင်း ၆၀ ကျော်ကို KNWO ကိုင်တွယ်ဖြေရှင်းခဲ့ဟုဆို

0
235

ကရင်နီ (ကယား) ပြည်မှာ ၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်း ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ထံ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး တိုင်ကြားလာသည့် အမှုပေါင်း ၆၀ ကျော်ကို ကိုင်တွယ်ဖြေရှင်း နိုင်ခဲ့တယ်လို့ KNWO အတွင်းရေးမှူး -၂ မော်ဖရေမြာက ပြောပါသည်။

“အမှုပြန်ချုပ်ရင် အများဆုံးက ၆၀ ကျော်လောက် အမှုကိုင်တွယ်ရတယ်ပေါ့နော်။ အခု ကရင်နီပြည် အနေအထားနဲ့ဆိုရင် Safe House က ကျမတို့ KNWO မှာ ရှိတယ်ပေါ့။ အခြားအမျိုးသမီး အဖွဲ့အစည်းတွေမှာလည်း ဒီ GBV နဲ့ ပတ်သက်တဲ့ Service ပေးတဲ့ အဖွဲ့အစည်းတွေလည်း ရှိသေးတယ်။ တချို့မြို့နယ်တွေဆို တဆယ်နီးပါး တက်လာတာ ရှိတယ်။ တချို့လတွေဆို အနည်းဆုံး ၅ / ၆ Case တက်လာတာ အဲ့လိုပုံစံမျိုးတော့ လာတာရှိတာပေါ့နော်” လို့ KNWO ရဲ့ အတွင်းရေးမှူး -၂ မော်ဖရေမြာက ပြောသည်။

လာရောက်တိုင်ကြားတဲ့ အမှုတွေထဲတွင် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အများဆုံးဖြစ်ပြီး၊ ရုပ်ပိုင်းနဲ့ လိင်ပိုင်း ဆိုင်ရာက ဒုတိယအများဆုံး ဖြစ်တယ်လို့ မော်ဖရေမြာက ပြောပါသည်။

ဒီးမော့ဆိုမြို့နယ်တွင် အကြမ်းဖက်ခံရမှု အများဆုံး ဖြစ်ပွားခဲ့ပြီး လွိုင်ကော်၊ ရှားတော၊ မိုးဗြဲ၊ ဖယ်ခုံ စသည့် မြို့နယ်များလည်း ပါဝင်တယ်လို့ KNOW ထံမှ သိရသည်။

KNWO အနေနဲ့ တိုင်ကြားလာသည့် အမှုများကို ဖြေရှင်းပိုင်ခွင့်မရှိပေမဲ့၊ လာရောက်တိုင်ကြားသူတွေရဲ့ တောင်းဆိုမှုအရ သက်ဆိုင်ရာ ၏အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ပေးခဲ့တယ်လို့ မော်ဖရေမြာက ဆက်ပြောသည်။

“ဥပမာ စစ်ရှောင်စခန်းမှာ နေတယ်ဆိုရင် စစ်ရှောင်စခန်းကော်မတီနဲ့ ကျမတို့ ညှိနှိုင်းပြီးမှ ကြားဝင်ဖြန်ဖြေ ပေးတာမျိုးတွေရှိတယ်။ ဒါကတော့ ဓလေ့ထုံးတမ်း၊ ရွာတရွာမှာ ကျင့်သုံးတဲ့ ဓလေ့ထုံးတမ်းထက် ပိုသွားတာများတယ်ပေါ့နော်။ တချို့နေရာကျတော့ ဥပမာ KSP (ကရင်နီပြည်ရဲဌာန) တို့ ရှိတယ်။ ERO (တိုင်းရင်းသား တော်လှန်ရေးအဖွဲ့) လိုမျိုး တချို့တရားသူကြီးရှိတဲ့ နေရာမျိုးဆိုရင်တော့ သူတို့ ဥပဒေအတိုင်း ကျင့်သုံးပြီးတော့ ဒီအမှုကို စီရင်လိုက်တာမျိုးတွေ ရှိတာပေါ့နော်” လို့ မော်ဖရေမြာက ဆိုသည်။

KNWO အနေနှင့် နှစ်စဥ်အမှုပေါင်း ၆၀ ကျော်ကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီး၊ အဆိုပါအမှုတွေရဲ့ ထက်ဝက်ကျော်ကို ကူညီဖြေရှင်းပေးခဲ့တယ်လို့ သိရပါသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here