IEC မှ ဌာနဆိုင်ရာ ၇ ခု ဖွဲ့စည်းပြီး အကောင်အထည်ဖော်နေကြောင်း အသိပေးကြေညာ

0
509
ပုံစာ - ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အနေနဲ့ ပြည်သူလူမှုဘဝ လုံခြုံရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် အနည်းဆုံး အထောက်အကူပြုဌာန ၁၂ ခု ကို စုဖွဲ့ဆောင်ရွက်ဖို့ စီစဉ်ထားတယ်လို့ ထုတ်ပြန်ကြေညာသည်။

အထောက်အကူပြဌာန ၁၂ ခု ထဲမှ ဦးစားပေးဌာနများအဖြစ် ဌာန ၇ ခုကို စတင်စုဖွဲ့ ဆောင်ရွက်နေသည်ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ၏ လှုပ်ရှားဆောင်ရွက်မှုများ ပြည်သူ့ထံ တင်ပြအစီရင်ခံခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ၎င်းတို့ရဲ့ ဖေ့ဘုတ်လူမှုကွန်ရက် စာမျက်နှာကနေ ဩဂုတ်လ ၆ ရက်နေ့က အသိပေးကြေညာထားသည်။

IEC အနေဖြင့် ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ လူသားချင်းစာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးဌာန၊ ပြည်ထဲရေးဌာန၊ ကာကွယ်ရေးနှင့် လုံခြုံရေးဌာန ၊ အမျိုးသမီးနှင့် ကလေးသူငယ် ရေးရာဌာန၊ စီမံကိန်း ဘဏ္ဍာရေးနှင့် အခွန်ဌာန စသည့် ဌာန ၇ ခု ကို ဦးစားပေး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း အသိပေးထားသည်။

ဦးစားပေးဌာနများကို ဆောင်ရွက်နေစဉ် တချိန်တည်းမှာပဲ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ဖို့ စီစဉ်နေတယ်လို့လည်း IEC က ဖော်ပြထားသည်။

အထူးသဖြင့် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ကြားခွင့် ရရှိရေး၊ ပြည်သူများ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုကို လက်လှမ်းမှီရေး၊ စစ်ဘေးရှောင် ပြည်သူများနှင့် ဒေသခံပြည်သူတွေ အတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် လူ့အသုံးအဆောင်ပစ္စည်းများ ရရှိနိုင်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူ့လုံခြုံမှုအတွက် ပြည်ထဲရေးဌာနအောက်တွင်ရှိသည့် ကရင်နီပြည်ရဲ့ (KSP) ကို စနစ်တကျ စုဖွဲ့ဆောင်ရွက်ခြင်း၊ တရားစီရင်ရေး စနစ်နဲ့ တရားရုံးများ တည်ထောင်ခြင်း၊ ကျေးရွာ/ ကျေးရွာအုပ်စု/ မြို့နယ်/ပြည်နယ် အဆင့်ဆင့်သော အထွေထွေ အုပ်ချုပ်ရေးယန္တာရား လည်ပတ်နိုင်ရေး အတွက် ကရင်နီ အထွေထွေအုပ်ချုပ်ရေးဌာန (Department of General Administration – Karenni – DGAK) ဖွဲ့စည်းဆောင်ရွက်ခြင်းများကို ပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ ကြီးကြပ် လမ်းညွန်မှုနဲ့အတူ သက်ဆိုင်ရာ ဌာနအသီးသီးက အားသွန်ကြိုးပမ်း အကောင်အထည်ဖော်နေတယ်လို့ IEC က အသိပေး ကြေညာထားသည်။

ထိုသို့အကောင်အထည်ဖော်မှုများကို သက်ဆိုင်ရာ ပညာရေး အင်အားစုများ၊ ကျန်းမာရေးအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်များ၊ အလှူရှင်များ၊ တော်လှန်ရေးအင်အားစုများ စသည့် အင်အားစုများအပြင် KSCC ၊ NUG တို့ နှင့်လည်း ပုံမှန်ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်နေကြောင်းကို IEC က ၎င်းတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေး ကြေညာထားသည်ကို တွေ့ရသည်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Karenni State Interim Executive Council-IEC) ကို ၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ဦးတည်ချက် ၅ ရပ် ချမှတ်ပြီး အဖွဲ့ဝင် ၆ ဦးနဲ့ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here