သထုံ၊ ကြာပန်းကျေးရွာနေ အငြိမ်းစားဗိုလ်ကြီးတစ်ဦး ပစ်သတ်ခံရ

0
301
ပုံစာ - အငြိမ်းစားဗိုလ်ကြီးတစ်ဦး နေအိမ်တွင်ဖွင့်လှစ်ထားသည့်ဈေးဆိုင်အတွင်းပစ်ခတ်ခံရပြီးသေဆုံး။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာတွင် အောက်တိုဘာလ ၃ ရက်နေ့ နေ့လယ်ခန့်က အငြိမ်းစား ဗိုလ်ကြီးတစ်ဦး ၎င်း၏နေအိမ်တွင် ဖွင့်လှစ်ထားသည့်ဈေးဆိုင်အတွင်း သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွား ကြောင်း ဒေသခံများထံမှ သိရသည်။

ကြာပန်းကျေးရွာ ကရင်စုရပ်နေ အသက် ၅၄ နှစ် အရွယ် အငြိမ်းစားဗိုလ်ကြီး ဦးဝင်းနောင်ဆိုသူသည် ၎င်း၏ နေအိမ်တွင် ဖွင့်လှစ်ထားသည့် ဈေးဆိုင်အတွင်းရှိနေစဉ် သေနတ်သမားများက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

“သူက (ဦးဝင်းနောင်) တပ်ကနေ အငြိမ်းစားယူထားတဲ့ ဗိုလ်ကြီးတစ်ဦးလို့ သိရတယ်။ သူပစ်သတ်ခံရတာက သူ့အိမ်မှာပဲ” ဟု မြို့ခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးဝင်းနောင်သည် ပါး၊ နားထင်တို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက် ဖြင့် အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးခဲ့သည်ဟု သိရသည်။

အငြိမ်းစားဗိုလ်ကြီး ဦးဝင်းနောင်ကို သထုံမြို့နယ်ကာကွယ်ရေးအင်အားစုတို့က ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဦးဝင်းနောင်သည် စစ်ကောင်စီတပ်အတွက် သတင်းစုဆောင်း ပေးပို့ခြင်းနှင့် တပ်သားသစ် စုဆောင်းရရှိနိုင်ရန် လုပ်ဆောင်ခဲ့သူ ဖြစ်သည့်အတွက် ရှင်းလင်းရခြင်းဖြစ်သည်ဟု သထုံမြို့နယ်ကာကွယ်ရေးအင်အားစုက ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အဆိုပါ ထုတ်ပြန်ပြောဆိုချက်နှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ဦးဝင်းနောင်သည် အမှတ် (၁) စစ်သားစုဆောင်းရေးတပ်မှ ဗိုလ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူထားသူတစ်ဦး ဖြစ်သည်ဟု စုံစမ်းသိရသည်။

သထုံမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီတပ်နှင့် နီးစပ်သူများ၊ စစ်ကောင်စီသတင်းပေးဆိုပြီး စွပ်စွဲခံရသူများကို ကာကွယ်ရေးတပ်ဖွဲ့တို့က မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here