လောင်းလုံး မြို့မရဲစခန်းနှင့် စရဖရုံး တိုက်ခိုက်ခံရ

0
254
Photo - Social Media

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖရုံး) ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရပါသည်။

အဆိုပါ ရဲစခန်းနှင့် စရဖရုံးကို ဒီဇင်ဘာ ၆ ရက်နေ့ နံနက် ၄ နာရီ အချိန်ခန့်တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ် ဖွဲ့တို့က နေရာ ၃ နေရာကနေ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

နှစ်ဖက်အကြား အပြန်အလှန် ပစ်ခတ်မှု အချိန်နာရီဝက်နီးပါးအကြာ ဖြစ်ပွားပြီးနောက် တိုက်ပွဲ ငြိမ်သက်သွားကြောင်း ဒေသခံများက ပြောသည်။

နှစ်ဖက်ပစ်ခတ်မှုအတွင်း ထိခိုက်မှုအခြေအနေနှင့်ပတ်သက်ပြီး အသေးစိတ်မသိရသေးသလို ဒေသကာကွယ်ရေး တပ်ဖွဲ့ဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဒေသခံတွေရဲ့အဆိုအရ တိုက်ပွဲပြီးနောက် မနက် ၆ နာရီခန့်တွင် စစ်ကောင်စီဘက်က မြို့တွင်းမြို့ပြင် နေရာတွေမှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး မနက် ၈ နာရီခန့်မှာတော့ အစစ်ဆေးမရှိတော့ဘဲ ပုံမှန် သွားလာနေကြကြောင်း သိရပါသည်။

မြို့မရဲစခန်းနှင့် စရဖရုံး ဝင်ရောက်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ LLPDF ၏ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်နေ့ကလည်း လောင်းလုံးမြို့၊ (က) ရပ်ကွက်ရှိ လဝကရုံးရှေ့တွင် ဆိုင်ကယ်နှင့်ကား များကို စစ်ဆေးမှုများပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here