ရေစကြိုမှာ ဆံပင်ညှပ်နေတဲ့ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင် တိုက်ခိုက်ခံရ

0
495

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ ဆံပင်ညှပ်နေတဲ့ စစ်ကောင်စီလက်အောက်ခံရဲတွေကို ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ဒု-ရဲအုပ်အဆင့်ရှိသူတစ်ဦး သေဆုံးသွားတယ်လို့ Myingyan Black Tiger အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၂၉) ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒုရဲအုပ်အဆင့် တစ်ဦးနဲ့ အခြား အဆင့် တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာပါ။

ဒီတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း (၁၂) တပ်ခွဲ (၄) မီးတောက်တပ်ခွဲနဲ့ Myingyan Black Tiger အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားတွေ ဆံပင်ညှပ်နေတယ်လို့ ဖရဲသီးကသတင်းပေးလာလို့ ညီနောင်မဟာမိတ် တပ်ဖွဲ့တွေသွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

တိုက်ခိုက်ခံလိုက်ရတဲ့ ရဲတွေဟာ မတ်လ (၂၉) ရက်နေ့ကစပြီး ရေစကြိုမြို့နယ် အမှတ် (၁) ရပ်ကွက် ကပ်ကျော်ကျောင်းတိုက်မှာ တပ်စွဲနေကြသူတွဖြစ်တယ်လို့ သိရပါတယ်။

အဲဒီကျောင်းတိုက်မှာ စစ်ကောင်စီလက်အောက်ခံ ရဲ (၁၂) ဦး တပ်စွဲနေထိုင်နေတာဖြစ်ပြီး Myingyan Black Tiger ရဲ့ အမှတ်-၂ စစ်ဆင်ရေးစခန်းအတွက် ဒုတိယအကြိမ် သွေးကြွေးတောင်း တိုက်ခိုက်တာဖြစ်တယ်လို့ MBT ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဆိုပါတယ်။

မတ်လ (၁၇) ရက်နေ့က စစ်ကောင်စီ ဘီလူးစစ်ကြောင်းနဲ့ Myingyan Black Tiger အဖွဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် အင်အားမမျှတဲ့အတွက် ဌာနချုပ်နဲ့ စခန်းအမှတ်- ၂ တို့ စွန့်လွှတ်ခဲ့ရကာ ပုခုံးထမ်းလောင်ချာ နှစ်လက်အပါအဝင် လက်နက်ခဲယမ်းတွေလည်း ဆုံးရှုံးထားရတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here